ရန်ဖြစ်ပြီး ပြန်ချစ်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်များ





ချစ်သူတွေကြားမှာ စကားများရန်ဖြစ်တာဟာ သဘာဝပါ။လူတစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ်အယူအဆနဲ့ အကြိုက်တွေ တူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ဒါကြောင့် မတူတဲ့ အမြင်တွေကြောင့် သဘော ထားကွဲလွဲ စကား များကြပါလိမ့်မယ်။ဒါပေမယ့် ရန်ဖြစ်စကားများပြီး စိမ်းကားနေတဲ့ သင်တို့ ကြား က ဆက်ဆံရေးအလွယ်တကူ ပြန်ပြေလည် ဖို့အတွက်တော့  ဒီအချက်လေး တွေ လိုက် နာပေးပါ။

(၁)စကားမလွန်အောင် ဂရုစိုက်ပါ

ကြမ်းကျွံရင် နုတ်လို့ ရတယ်၊စကားကျွံရင် ပြန်နုတ်လို့ မရဘူးဆိုတဲ့ စကား ပုံရှိ ပါတယ်။ရန်ဖြစ်ပြီးနောက် တစ်ဦးနဲ့တစ်ဦး ပြန်တွေးတိုင်း စိတ်နာနေရမယ့် စ ကားအသုံးအနှုန်းမျိုး၊နစ်နစ်နာနာပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။ဒါကြောင့် အ ရမ်းစိတ်ဆိုး၊စိတ်တိုစေမယ့် စကားမျိုးကို ကြားလိုက်ရတယ်၊အဲ့ဒီလို အခြေ အနေကို ရောက်နေပြီဆိုရင် ရှောင်ထွက်ပါ။စိတ်ကိုလျှော့ပါ။စကားကို လက်လွတ် စပယ်မပြောမိပါစေနဲ့။

(၂)ဘယ်အချိန်ဆိုရပ်ရမယ်ဆိုတဲ့ သိပါ

သဘောထားကွဲလွဲ ငြင်းခုံနေတာတွေ က အခြေအနေ အရမ်း တင်းမာ လာေ တာ့မယ်ဆိုရင် ရပ်လိုက်ပါ။တစ်ခါတစ်လေကျတော့ အကြောင်း အရင်း ရယ်လို့ မယ်မယ်ရရမရှိပဲ ဒီအတိုင်း စကားနိုင်လုရင်း ကိစ္စကပိုကြီး သွားပြီး ပြဿနာ တတ်တာတွေ ရှိပါတယ်။ဒါကြောင့် အခြေအနေ သိပ်မကောင်းတော့ ဘူး ဆိုရင် စကားလမ်းကြောင်းလွဲလိုက်တာပဲ ဖြစ်ဖြစ်၊ဆက်မပြောတော့ပဲ ရပ်လိုက်တာ ပဲ ဖြစ်ဖြစ်လုပ်ပါ။

(၃)အနိုင်ယူဖို့ပဲ မတွေးပါနဲ့

တစ်ချို့က စကားနိုင်လုပြောရတာကို ကြိုက်သူတွေ ရှိပါတယ်။တစ်ချို့ကျ တော့ လည်း အနိုင်ယူချင်တာတော့ မဟုတ်ပေမယ့် ပြောရင်းနဲ့ အားပါပြီး အနိုင်ပိုင်း ပြီး  ပြောသလို ဖြစ်သွားတတ်ပါတယ်။ဒါကြောင့် ချစ်သူချင်းက စကားများပြီ ဆိုရင် အခုပြောနေတာဟာ သင်ချစ်တဲ့ သူနဲ့ပါ။ချစ်တဲ့ သူချင်းပြောကြာတဲ့ စ ကားဝိုင်းမှာ အမှားအမှန် ဆိုတာမရှိပါဘူး။အဲ့ဒီ မှားတယ်၊မှန်တယ်ဆို တာဟာ သင်တို့ကြားက အချစ်၊သံယောဇဉ်ေ လာက် အရေးမကြီးဘူးဆိုတဲ့ အချက်ကို မမေ့ပါနဲ့။

(၄)ဖက်လိုက်ပါ

နားလည်မှုတွေလွဲပြီး ငြင်းခုံ စကားများ နေရပြီဆိုရင်တော့ ကိုယ်ရှေ့မှာ ရှိနေတဲ့ ချစ်သူကို ဖက်လိုက်တာပဲ ဖြစ်ဖြစ်၊physical contact တစ်ခုခု လုပ်လိုက်ပါ။ စိတ်တွေ ဆိုး ဒေါသတွေ ထွက်တဲ့ အဆင့်ရောက်မှ အဲ့ဒီလို သွား လုပ်ရင်တော့ သေချာပေါက် ပြန်တွန်းထုတ်ခံရပါလိမ့်မယ်။ဒါကြောင့် အခြေအနေ က မပြင်း ထန်ေ သးပဲ အစပျိုးနေပြီဆိုတည်းက ဒီနည်းလမ်းကို ထုတ်သုံးမှ  ထိရောက် မှာပါ။ဒီနည်းလမ်းဟာ မကြာခင် ပေါက်ကွဲတော့မယ့် သင်တို့ ကြားကာချိန်ကိုက် ဗုံးကို တားဆီးနိုင်မယ့် အထိရောက်ဆုံးနည်းလမ်း တစ်ခုပါ။

(၅)ဟာသပြောပါ

သင်တို့ ကြားက ငြင်းခုန်မှုဟာ အခြေအနေ သိပ်မကောင်းတော့ ဘူးဆိုရင် သင့်ချစ်သူကို ဟာသတစ်ခုခု ပြောပြီး ရယ်အောင်စလိုက်ပါ။ဟာသကလည်း သင်တို့ ငြင်းနေတဲ့ အကြောင်းအရာနဲ့ မဆိုင်တဲ့ ဟာသအကြောင်း အရာမျိုး ဖြစ်ဖို့ တော့ လိုပါတယ်။

(၆)တောင်းပန်ဖို့ ၀န်မလေးပါနဲ့

ရန်ပွဲတစ်ခုဖြစ်ပြီဆိုတည်းက သူမှားတယ်၊ငါမှန်တယ်လို့ တထစ်ချ တွက် မ ထားပါနဲ့။နှစ်ဦးနှစ်ဖက် အပြန်အလှန်စဉ်းစားပေးပါ။သင့်ဘက်ကနေ စဉ်းစားရင် သင်မှန်ပေမယ့် သူ့ဘက်က စဉ်းစားပြန်ရင်လည်း သူက မှန်နေ ပါလိမ့်မယ်။ ဒီတော့ ကြားချတွေးပါ။ကိုယ်မှားတယ်ထင်ရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ ကို ယ်မှန်နေပေမယ့်လည်း သူ့ဘက်ကနေ တွေးရင် သူဒီလို ပြောတာလည်း မမှား ဘူးဆိုတဲ့ အတွေးမျိုး သင့်မှာရှိတယ်ဆိုရင်လည်း သင့်ဘက်ကပဲ တောင်းပန် လိုက်ပါ။

Ref;brightside

Previous
Next Post »