သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းကို ဖြေရှင်းနည်း



ဘယ်သူကမှတော့ သုံးပွင့်ဆိုင် ဇာတ်လမ်းမျိုးနဲ့ မကြုံချင်ကြပေ မယ့် တမင်မ ရည်ရွယ်ပဲ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ကိုယ်ကိုယ်တိုင်က ဇာတ် လိုက်နေရာပဲ ပါဝင်သည်ဖြစ်စေ၊အရံနှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေနေ နာကျင်ရတာကတော့ အတူတူပါပဲ။ဒီလိုဇာတ်လမ်းကို ဖြေ ရှင်းနိုင်မယ့် နည်းေ တွရှိပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်ပို့နေရာ(ပြိုင်တူ အတွဲ ခံ၊အချစ်ခံရတဲ့ နှစ်ေ ယာက်ထဲက တစ်ယောက်)မှာပဲရှိနေရင် လုပ်ရမယ့်နည်း လမ်းနဲ့ဒီဇာတ်လမ်းကို အစပျိုးဇာတ်လိုက်နေရာမှာ ရှိနေရင် လုပ်သင့်တဲ့ အ ကြံပြု ချက်တွေကို ဖော်ပြ ထားပါတယ်။မိန်းကလေးနှစ်ေ ယာက်(သို့)ယောက်ျားလေးနှစ်ယောက်ကို တစ် ပြိုင်တည်း ချစ်မိနေ တယ်၊ တွဲမိနေတဲ့ ဇာတ်လိုက်နေရာကဆိုရင်တော့ အရင် ဆုံး လုပ်ရမှာက….

(၁)ဘယ်သူ့ကို ပိုချစ်လဲ.?

ဒီအခြေအနေထိ ရောက်လာတယ်ဆိုတည်းက ရွေးရခက်လို့ ဆိုတာ သိပါ တ ယ်။ဒါပေမယ့် နောက်ဆုံးမှာတော့ မဖြစ်မနေရွေးကို ရွေးရမှာပါ။ဘယ်သူက ကိုယ်နဲ့ အပေးယူပိုတည့်လဲ.?ခင်တာ၊တွဲတာ ဘယ်လောက်ကြာပြီလဲ.? အ နာဂါတ်ခရီး ကို ဘယ်သူနဲ့အတူလျှောက်ချင်တာလဲ.? စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဒီလိုမေးခွန်းတွေအများကြီး လှည့်ပတ်မေး ရင်းနဲ့ အဖြေထုတ်ကြည့်ရင် ဘယ်သူ့ကို ပိုလဲ ဆိုတဲ့ အဖြေကတော့ ထွက် လာမှာပါ။

(၂)ကိုယ့်ကိုယ်ကိုနဲ့သူများအပေါ်မှာ ရိုးသားပါ

သုံးပွင့်ဆိုင်တယ်ဆိုတည်းက ကိုယ့်ကိုယ်ကို(သို့)တခြားသူအပေါ်မှာ သင်မ ရိုးသားခဲ့လို့ပါ။ဒါကြောင့် ခုချိန်မှာတော့ ကိုယ့်ကိုယ်ကိုရော၊ သူများ အပေါ် မှာပါ ရိုးသားပါ။ဘာကြောင့် တစ်ယောက်ယောက်ကို ရွေးလိုက်ဖို့ ခက်နေတာ လဲ ဆို တာကို သင်စိတ်သင်လည်း သိအောင်လုပ်၊ကျန်နှစ်ယောက်ကိုလည်းအ မှန်အ တိုင်း ပေးသိလိုက်ပါ။ဆိုလိုတာက ပထမတစ်ယောက်နဲ့ အဆင်မပြေ တုန်းခ ဏမှာ ဒုတိယတစ်ယောက်ပေါ်လာ ရတာလား.?အမှန် အတိုင်း ကိုယ့် စိတ်ကို အရင်သိအောင်လုပ်၊ပြီးရင် ဖွင့်ပြောပါ။



(၃)အရင်းနှီးဆုံးလူကို ပြော

တစ်ခါတစ်လေမှာ ကာယကံရှင် မမြင်တာကို ဘေးက ပွဲကြည့်ပရိသတ်က ပိုမြင်တာမျိုးရှိတတ်ပါတယ်။ဒါကြောင့် အရင်းအနှီးဆုံး လူကို ရင်ဖွင့် တိုင်ပင်ပါ။ သူ့အမြင်ကိုလည်း နားထောင်ကြည့်ရင် သင်ဆုံးဖြတ်ရာမှာ တစ်ခုခုတော့ အေ ထာက်အကူဖြစ်စေမှာပါ။ကိုယ့်ကိုယ်လည်းစမ်းစစ်၊သူများအမြင်ကိုလည်း နားေ ထာင်ကြည့်ပြီးရင်တော့ အလေးအနက်ထားစဉ်းစားပါ။ပြီးရင်တော့ တိကျပြတ် သားတဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို ချပါ။တစ်ယောက်ယောက်ကို တော့ လုံးဝမေ တွဝေ၊မတုံ့ဆိုင်းပဲ နှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့ လက်ကို ဖြုတ်ချ ပစ်လိုက်ပါ။။ရည်ရွယ်တာပဲ ဖြစ်ဖြစ်၊မ ရည်ရွယ်ပဲဖြစ်ဖြစ် ဒီအခြေအနေထိေ ရာက်လာတည်းက အရမ်းလွန်နေပါပြီ။သင့်ကြောင့် လူနှစ်ယောက် နာကျင်ခဲ့ရ ပါပြီ။ဒါကိုတောင်မှ တစ်ခုခုကို မဆုံးဖြတ်ပဲ အချိန်ထပ်ဆွဲနေတဲ့ လုပ်ရပ်မျိုးကေ တာ့ လုံးဝဆက်မလုပ်သင့်တော့ပါဘူး။

ပြိုင်တူအချစ်ခံ၊အတွဲခံလိုက်ရတဲ့သူ(နှစ်ယောက်ထဲက တစ်ယောက်)နေရာမှာေ ရာက်နေတာဆိုရင်တော့ …

(၄)ထိုက်တန်ရဲ့လားစဉ်းစား

တစ်စုံတစ်ယောက်နဲ့ အပြိုင် ယှဉ်ပြိုင်လုရလောက်အောင် ဒီလူက ထိုက်တန်ရဲ့ လားပြန်စဉ်းစားပါ။ပြီးရင်တော့ တစ်ခုသိထားရမှာက ကိုယ်က ဒီပွဲမှာ အနိုင် ရမယ့်သူလို့ တစ်ထစ်ချတွတ်မထားပါနဲ့။မရှုမလှအရှုံးနဲ့ရင်ဆိုင်ရပြီး ကျန်ရစ်ဖြစ်နို င်ပါတယ်။ကိုယ့်ရဲ့ စိတ်ဆင်းရဲမှု၊ နာကျင်မှုတွေ၊မျက်ရည်တွေ၊သောကတွေ နဲ့လဲယူရလောက်အောင် ထိုက်တန်သူဆိုတာ သေချာပြီလား.?အဲ့ဒီလိုမှ ထို က်တန်သူမဟုတ်ရင်တော့ စောစောစီးစီး ဒီGame ကနေ နုတ်ထွက် လိုက်ပါ။


(၅)စာနာသနားတဲ့ Signs တွေပြနေပြီလား.

“မင်းနဲ့ပဲ အတူရှိချင်တာ၊မင်းကိုပဲ ချစ်တာပါ” ဒီလိုစကားတွေကိုတော့ အမြဲ ကြားနေရမှာ သေချာပါ တယ်။ဒါပေမယ့် လေချည်းသက်သက်က ဘာမှဖြစ် မလာပါဘူး။အပြောမဟုတ်တဲ့ လုပ်ရပ်ကို ကြည့်ပါ။တကယ်လို့ စာနာသနားတဲ့ နှစ်သိမ့်စကားတွေ၊အမူအယာတွေကို ပြနေပြီ၊ပြောလာပြီဆိုရင်တော့ ဒီ Game မှာ သင်ရှုံးဖို့ သေချာသလောက်ရှိနေပါပြီ။အချိန်ကုန်မခံပဲ မြန်မြန်ထွက်လိုက်တာ အကောင်းဆုံးပါ။

(၆)ဇာတ်လမ်းက ကြာကြာသိပ်မခံတတ်ပါဘူး

သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတစ်ပုဒ်က ဘယ်လောက်များများ ကြာကြာ ဆက်နို င်မှာလဲ.?သိပ်မကြာပဲ မြန်မြန်ပြီးမယ့် ဇာတ်လမ်းမျိုးပါ။ဒါကြောင့် ကိုယ်က အရင်ဦးအောင် ထွက်လိုက်တာကတော့ အကောင်းဆုံးပါ။တစ်စုံတစ်ယောက်ရဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်ကို အချိန်ကုန်ခံ ထိုင်စောင့်နေတာ ရူးမိုက်တဲ့ လုပ်ရပ်ပါ။အချိန်ကုန်ပါတယ်။ဘယ်လောက်ကြာကြာ အချိန် ဆွဲနေ ပါစေ၊အချိန်တန်ရင် တိခနဲပြတ်ရမယ့် အခြေအနေမျိုး မလွဲမရှောင်သာရော က်လာမှာမို့ ဒီဇာတ်လမ်းမှာ အချိန်ကုန်ခံပြီး ၀င်ပါနေမယ့် အစား အမြန်ဆုံး ထွက်ပစ်လိုက်တာကတော့ အကောင်းဆုံးပါ။

Ref;herinterest
Shwemom
Previous
Next Post »