ကိုယ့်ချစ်သူကို အထာတွေလာပေးနေရင် ဖြေရှင်းနည်း(၄)မျိုး



ကိုယ့်ချစ်သူကို လာကြံနေသူ၊ခေတ်စကားနဲ့ဆို ရင်တော့ ၀င်ပြီး စနိုက်ကြော်ဖို့ လုပ်နေတဲ့ မိန်းကလေးရှိနေတယ်ဆိုရင် ဘာလုပ်သင့်လဲ.? မိန်းကလေးဆိုတာ အူတို၊သ၀န်တိုတတ်တဲ့ အမျိုးပါ။ဒီလိုကြုံလာရင်တော့ သေချာပေါက် သ၀န်တို၊ စိတ်မချတော့ပဲ ပျာယာ ခတ်နေမိမှာပါ။ စိတ်ဆိုးဒေါသထွက်တဲ့စိတ်၊စိတ်ပူ သ၀န်တိုစိတ်၊ ၀မ်းနည်းစိတ်တွေဖြစ်နေမိမှာပါ။ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရင် ဘယ်လို တွေ၊လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို အနည်းငယ် အကြံပြုပေးပါ

(၁)ထိပ်တိုက်မတွေ့ပါနဲ့

တစ်ကိုယ်တော် စိတ်ဆိုးပါ၊ဒေါသ ထွက် ပါ။သံသယစိတ်နဲ့ချစ်သူကို ပြဿနာ ရှိတာ၊အဲ့ဒီမိန်းကလေးကိုသွားပြောတာမျိုးမလုပ်ပါနဲ့။ ခက်ခဲမှန်းသိပေ မယ့် စိတ်ကို အတတ်နိုင် ဆုံး တည်တည်ငြိမ်ထားပါ။ထိပ်တိုက်တွေ့တာမျိုး မလုပ်ပါနဲ့။ကိုယ့်ဘက်ကနေ ဒေါသတကြီး လုပ်ပြနေရင် ဒါဟာ တစ်ဖက်က လူ ကို ၀မ်းသာအားရအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။င့ါကို မယုံတာ လားဆိုပြီး သင်တို့ချစ် သူနှစ်ယောက်ကြားမှာလည်း တင်းမာမှုဖြစ်အောင် ဆွပေး လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ချစ်သူနဲ့ကိုယ်စကားများပြီး စိတ်ဆိုးနေ ချိန် မှာ အသင့်စောင့်နေတဲ့ သူက ၀င်သွားနိုင်တာကြောင့် တည်တည် ငြိမ်ငြိမ်နေပါ။


(၂)မစွပ်စွဲနဲ့

စိတ်ကို အေးအေးထားထား၊တည်တည်ငြိမ်ငြိမ်နေပါ။အရင်ဆုံး ကိုယ့်ဘက်နေ စကားလုံးတွေနဲ့ ပစ်ပေါက်ပြီး မစွပ်စွဲခင်မှာ အရင်စဉ်းစားပါ။တစ်ဖက်က ကော င်မလေးဘက်ကတော့ သေချာနေတယ်၊ချစ်သူက စိတ်ပါနေ၊မနေ မသေချာသေး ချိန်မှာမစွပ်စွဲ ပါနဲ့ အုံး။ သက်သေမရှိပဲ စွပ်စွဲလိုက်ရင် ကိုယ့်အလွန်ဖြစ်သွားနို င်ပါတယ်။ကိုယ်က စွပ်စွဲပြောတာတွေ မဟုတ်ဖြစ်နေမှ သ၀န်တိုလွန်း တယ်၊ြ ပဿနာရှာလွန်းတယ်ဆိုပြီး ကိုယ့်ချစ်သူက စိတ်ပျက်သွားနိုင်တာကြောင့် မစွပ်စွဲပါနဲ့။

(၃)အချက်အလက်တွေကို သေချာတွေး

သူငယ်ချင်းမိတ်ဆွေတွေပြောတာ၊ကိုယ့်စိတ်ထဲမှာ ထင်နေတာ၊ခံစားမိနေ တာ အချက်အလက်တွေကို သေချာတန်းစီပြီး စဉ်းစားပါ။တွေးပါ။ပြန်သုံးသပ်ပါ။မစဉ်း စားခင်မှာ မိန်းကလေးဆိုတာ သံသယများတတ်တာမို့ စိတ်ထဲကနေ သူကရော ပါနေပြီလား ဆိုတဲ့သံသယစိတ် ၀င်နေမှာသေချာပါတယ်။အရင်ဆုံးစိတ်ထဲက သံသယအစွဲကို ဖျောက်ပြီး မှန်မှန်ကန်ကန်ကြားချတွေးပါ။ချစ်သူဘက်က အပြုအမှု၊တစ်ဖက်ကောင်မလေးဘက်က အပြုအမှုအားလုံးကို သေချာ တွေးပါ။


(၄)ချစ်သူနဲ့ကတိတောင်း

ချစ်သူနဲ့အတူတူ နှစ်ဦးသဘောတူ ကတိထားကြမယ်ဆိုပြီး တောင်းဆိုကြည့် ပါ။ချစ်သူရဲ့ အနားကို တစ်ယောက်ယောက်က ကပ်နေပြီဆိုရင်တော့ ပြဿ နာတစ်ခုခုရှိလာရင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ကြေး ၊သစ္စာရှိကြေး ဆိုတာမျိုး က တိတောင်းပါ။ဒီအချိန်မှာတော့ ဇာတ်လမ်းက ဟိုက စရုံ သက်သက်မဟုတ်ပဲ ကိုယ့်လူကပါ ပါနေပြီဆိုရင်တော့ သေချာပါတယ်။ သင် နဲ့ကတိထားဖို့ကို သူငြ င်းမှာပါ။နောက်ဆုံး သင်က အလေးအနက်ထား ကတိတောင်းနေရင်တောင်မှ သူ့ဘက်ကတော့ ပေါ့ပျက်ပျက်ပဲ နေနေပါလိမ့်မယ်။ဒီနည်း ကတော့ အချိန်မရွေး ပြိုလဲချင် လဲသွားနိုင်တဲ့ သင်တို့ကြားက Relationship ကို အဖတ်ဆယ် ကြည့်တာပါ။ဟိုတစ်ယောက်လည်း စွဲဆောင်၊ကိုယ့်လူ ကလည်း ပါနေတယ် ဆို ရင်တော့  အစပိုင်းမှာ နည်းနည်းနာကျင်ကောင်း နာကျင်ရနို င်ပေမယ့် ပြတ်ပြတ် သားသား လမ်းခွဲတာ အကောင်းဆုံးပါ။

Shwemom
Ref;yourtango

Previous
Next Post »