ကဘူးမြို့မှာ အသေခံ ကားဗုံးခွဲမှုဖြစ်ပွားပြီး အနည်းဆုံး (80) သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးမြို့ရှိ၊ ဗြိတိန်နဲ့ ဂျာမန်သံရုံးအနီးမှာ အကြမ်းဖက်သမားတွေရဲ့ အသေခံကား ဗုံးခွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ အမျိုးသမီးနဲ့ ကလေးအပါအ၀င် လူအနည်းဆုံး 80 ခန့် သေဆုံးကြောင်း အာဖဂန်အစိုးရက ကြေငြာခဲ့ပြီး၊ လူပေါင်း 350 ကျော်အထိ ပြင်းထန် ဒဏ်ရာတွေ ရခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိတော့ အာဖဂန်အတွင်းမှာ ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေက ဒီဖောက်ခွဲမှုဟာ မည်သူ့လက်ချက်ဖြစ်
ကြောင်း ထုတ်ဖော် ကြေငြာခြင်း မရှိသေးပါဘူး။ ဒီအဖြစ်အပျက်မှာ BBC သတင်းထောက်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ယုံကြည်ရကြောင်း ဆိုပါတယ်။

ဖောက်ခွဲမှုကြီးဟာ ဂျာမဏီသံရုံးဝင်ပေါက်အနားမှာ ဖြစ်ပွားခဲ့ပြီး၊ ယင်းသံရုံးနဲ့တော့ ကိုက်အားဖြင့် အလှမ်းဝေးပါတယ်။ အဆိုပါ နေရာဟာ ဗြိတိန်သံရုံး နောက်ကျောနေရာဖြစ်ပြီး၊ ကိုက်အနည်းငယ်သာ အလှမ်းဝေးတော့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ရာနေရာကတော့ Zanbaq Square ဖြစ်ပြီး ဒေသစံတော်ချိန် နံက် 8.30 လူစည်ကားချိန်မှာ စွမ်းအားပြင်း ဗုံးအတွဲလိုက် ဖောက်ခွဲခံ ခဲ့ရတာဖြစ်ပါတယ်။


အနီးအားယာဉ် 50 ခန့်လည်း မီးလောင်ပျက်စီးခဲ့ပြီး ရုတ်ချည်းပေါက်ကွဲမှုကြောင့် မီးတောက်ကြီး ၀ုန်းကနဲ့ တက်လာတာ ကို မိုင်အနည်းငယ်အကွာကနေ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသူတွေတောင် ရှိတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွား လို့ တစ်နာရီလောက်ကြာမှ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာခဲ့ပြီး၊ လောလောဆယ် လူ 67 ကို အရေးပေါ် ဆေးရုံ တင်ပေးထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကဘူးအခြေစိုက် BBC သတင်းထောက် Karim Haidari ရဲ့ အတည်ပြုချက်အရ မိမိလို ဘ၀တူသတင်းထောက်တစ်
ယောက်လဲ ပေါက်ကွဲမှုထဲမှာ ပါဝင်သွားခဲ့ကြောင်း၊ သေသည်မသေသည်ကို အခုထက်ထိ ခြေရာခံလို့မရသေးကြောင်း သိရ
ပါတယ်။ အခုတိုက်ခိုက်မှုဟာ ဂျာမဏီသံရုံကိုသာ တိုက်ခိုက်ဖို့ ရည်ရွယ်လေသလားလို့ တစ်ချို့က စဉ်းစားနေကြပါတယ်။

ဂျာမနီသံရုံးအနီးမှာ ကနေဒါ၊ အိန္ဒိယ၊ အင်ဒို၊ ပါကစ္စတန်စတဲ့ သရုံးတွေကလည်း ကပ်လျှက်တည်ရှိပြီး၊ နိုင်ငံခေါင်းဆောင် အသီးသီးကတော့ မိမိတို့သက်ဆိုင်ရာသံရုံးတွေကို လုံခြုံးရေးသတိ အဆက်မပြတ်ကြစေဖို့ တိုက်တွန်းထားပါတယ်။ ယခု ပေါက်ကွဲမှုကြောင့် ပြင်သစ်သံရုံးနဲ့ သြစတေးလျှသံရုံးလည်း ထိခိုက်မှု အနည်းငယ်ဆီရှိခဲ့ပါတယ်။ သံရုံးဝန်ထမ်းတစ် ချို့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
Credit: လင်းဇော်ကို (Shwemom)
source : thesun.co.uk



Previous
Next Post »