Crush မှာ ချစ်သူရှိနေရင် ဘယ်လို လုပ်မလဲ?



ကိုယ် Crush မိနေတဲ့ သူမှာ ချစ်သူရှိနှင့်နေပြီဆိုတဲ့ အခြေအနေမျိုးဟာ တ ကယ့်ကို ထိခိုက်နာကျင်ရတာပါ။အဲ့ဒီလိုအခြေအနေမျိုးနဲပ ကြုံနေရပြီဆိုရင်ေ တာ့ ဒီလိုအချက်လေးတွေကို သုံးပြီး ဒဏ်ရာရသွားတဲ့ နှလုံးသားကို အချိန်မီ ကုစားအဖတ်ဆယ် ကြည့်ပါ။

(၁)ကိုယ့်ကိုယ်ကို အာရုံစိုက်

Crush မှာနဲ့အတူလက်ချင်းချိတ်ေ လျှာက်ဖို့ အရေးစိတ်ကူးယဉ်နေမှာထက် သူ့ရဲ့နဲ့ပတ်သက်တဲ့ ကောင်းတဲ့ အကြောင်းလေးတွေကို တွေးနေပါ။ ဒါမှမဟု တ်ရင် သူ့အကြောင်းတွေကို အိမ်မက်နေပါ။ဒီလိုလေးတွေ လုပ်နေ တာက သင့်စိတ်ကို ပျော်ရွှင်စေပါတယ်။ သူငယ်ချင်းတွေကို အချိန်ပေးလိုက်ပါ။အရင်ဆုံး သင့်ကိုယ်သင် အာရုံစိုက်ပါ။

(၂)သူ့ကောင်မလေးနဲ့ ဝေးဝေးနေပါ

Crush ရဲ့ ကောင်မလေးနဲ့ ကိုယ်က သူငယ်ချင်းမဖြစ်သေးဘူးဆိုရင်တော့ သူမနဲ့ မပတ်မိအောင် ဝေးဝေးနေပါ။ဘာလို့လဲဆိုတော့ ကိုယ် Crush နေမိသူရဲ့ ချစ်သူဆိုတော့ သင်ဘယ်လောက်ပဲ စိတ်ကောင်းရှိတယ်ဆိုအုံးတော့ သူမအပေါ်မှာ တော့ သင်ကြည့်လို့ရမှာမဟုတ်ပါဘူး။တကယ်လို့ သိနေ တယ်၊သူငယ်ချင်းတွေဖြစ်နေတယ်ဆိုရင်တော့ သူမနဲ့အမြဲမတွေ့အောင် ရှောင်နေလိုက်တာ အကောင်းဆုံးပါ။


(၃)သူငယ်ချင်းလိုနေ

Crush ကို သူရည်းစားရှိနေအုံးတော့ ကိုယ့်စိတ်ထဲကနေ ထုတ်မပစ်နိုင်ဘူး ဆိုရင်တော့ သူငယ်ချင်းအတိုင်းဘေးမှာ ဆက်နေပါ။တစ်နေ့နေ့မှာ သူတို့နှစ်ယောက်များပြတ်ခဲ့ရင် အဲ့ဒီအချိန်ထိ သင့်စိတ်ကလည်း မပြောင်းသေး ဘူးဆိုရင်တော့ သင့်အတွက် အခွင့်အရေး ရလာနိုင်ပါတယ်။

(၄) အီစီကလီတွေ လုပ်လာရင် အခြေအနေအရင်ကြည့်ပါ

Crush ဘက်က သူ့မှာ ချစ်သူရှိပါလျက်နဲ့ သင့်ကို အီစီကလီတွေ လုပ်လာရင် အရင်ဆုံး အခြေအနေကို ကြည့်ပါ။တခြားကောင်မလေးတွေကိုလည်း ဒီလိုပဲ လုပ်နေတာလား၊သူ့ကောင်မလေးနဲ့ဇာတ်လမ်းဖြတ်ချင်ပြီး သင့်ဆီကို လာချင် တာလား အခြေအနေကို အရင်ကြည့်ပါ။သူ့ဘက်က အီစီကလီတွေက သင့်အေ ပါ် တခြားအဓိပ္ပါယ်မပါပဲ အီရုံသက်သက်ပဲ ဆိုရင်တော့ ကိုယ့်ဘက်ကနေ ပြန်ပြီး အထာပေးတာမျိုး မလုပ်ပါနဲ့။တစ်ခုသိရမှာက တစ်ခါခြံခုန်ဖူးတဲ့ နွားက အကြိမ်ကြိမ်ခုန်နေမှာပါ။လက်ရှိချစ်သူအပေါ်ကိုတောင် သစ္စာမရှိတဲ့ ယော က်ျားက သင်ဆီရောက်လည်း သစ္စာရှိမှာ မဟုတ်လို့ပါ။

(၅)Crush ရဲ့ ချစ်သူနဲ့ ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါနဲ့

Crush ရဲ့ ချစ်သူနဲ့ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်ဝင်တာမျိုး (ဒါမှ မဟုတ်)င့ါထက်ဘယ်နေရာမှာ သာလို့လဲ ဆိုပြီး မနာလိုစိတ်ဝင်တာမျိုး ဘယ်ေ တာ့မှမ လုပ်ပါနဲ့။သင့်ကို သင်ဖြစ်နေလို့ ချစ်တဲ့ သူမျိုးကိုပဲ ရှာပါ။Crush ရဲ့ ချစ် သူက ကောင်းတယ်၊မကောင်းဘူးဆိုတာ ကိုယ့်အလုပ်မဟုတ်ပါဘူး။ သူ့ချစ် သူ က မကောင်းတဲ့ သူဆိုရင်လည်း မကောင်းဘူးမှတ်ပါ။ကောင်းတဲ့ သူဆိုရင်လ ည်း သူလူကောင်းနဲ့တွေ့တာပဲ ဆိုပြီး ၀မ်းသာပေးလိုက်ပါ။ကိုယ့်ကိုယ်ကို သူများနဲ့လိုက်နှိုင်းယှဉ်နေရတာ ပင်ပမ်းပါတယ်။

Ref;herinterest @ Shwemom
Previous
Next Post »