မိုဘိုင်းဖုန်းတွေ၊ Internetတွ၊ Email တွေ၊ Facebook လိုမျိုး Social Media တွေဟာ ချစ်သူရည်းစားတွေအတွက်တော့ အကောင်းဆုံး ဆက်သွယ်ရေးလမ်းကြောင်းတွေပါပဲ။ ဒီလိုပါပဲ ဖောက်ပြန်တတ်တဲ့၊ ဖောက်ပြန်ချင်တဲ့သူတွေ အတွက်လည်း ဒါတွေဟာ လက်တည့်စမ်း အသုံးချစရာ နေရာတွေဖြစ်နေပြန်ပါတယ်။ သင့်ရဲ့ ချစ်သူ၊ ရည်းစားဟာ Online ပေါ်မှာ ခြေရှုပ်နေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ … ဒီလို လုပ်တတ်တဲ့ သူတွေရဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရအောင် …
Email တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ Social Mediaပေါ်က Notifications တွေ ဝင်လာတဲ့အခါမျိုးမှာအရမ်းသိုသိုဝှက်ဝှက်ဖြစ်နေတတ်တယ်။ဖုန်း၊ Email၊ Social Media Account တွေရဲ့Password တွေကို အရမ်း လျှို့ဝှက်တတ်တယ်။လိုတာထက်ပိုပြီးမကြာခဏပြောင်းလဲတတ်တယ်။သင်မမြင်မဖူး၊ မကြားဖူးတဲ့ Password ခံထားတဲ့Application တွေကို မကြာခဏအသုံးပြုလေ့ရှိပြီးတော့ သင့်ရှေ့မှာတော့ဘယ်တော့မှ ပေါ်တင်မသုံးဘူး။သင်မသိတဲ့ လျှို့ဝှက် Emails တွေ၊ Social Media Account တွေ ဖွင့်ထားတယ်။Emails ၊ Social Media Account တွေကိုကွန်ပျူတာတွေ၊ လက်ကိုင်မိုဘိုင်းဖုန်းမဟုတ်တဲ့တခြား Device တွေ နဲ့ အသုံးပြုပြီးရင် Log Offအမြဲလုပ်တတ်တယ်။သင် (Online ပေါ်မှာ ဒါမှမဟုတ် အနားမှာ)မရှိချိန်မျိုးမှာ အလုပ်ချိန်ကို ကျော်လွန်ပြီးကွန်ပျူတာကို ပိုပိုသာသာ အသုံးပြုတတ်တယ်။ယခင် ပုံမှန် အသုံးပြုနေကြနှုန်းထက် ဖုန်းဘေလ်ပိုကုန်ကျနေတယ်။ညည့်နက် သန်းခေါင်တောင် မရှောင်ပဲမကြာခဏ မက်ဆေ့တွေ ဝင်တတ်တယ်။သင်က သူ့ဖုန်း ဒါမှမဟုတ် သူ့ရဲ့ Social Media Account ကို ကြည့်မိရင် မသိမသာလေးမမြင်ကွယ်ရာမှာထားလိုက်တာမျိုး၊အလျှင်အမြန်သိမ်းလိုက်တာမျိုး လုပ်လေ့ရှိတယ်။သူဟာ သူ့ကိုယ်ပိုင် ဖုန်း၊ Tablet တွကိုလိုတာထက်ပိုပြီး ကိုယ်နဲ့ မကွာထားတတ်တယ်။သူနဲ့ ဝေးတဲ့ နေရာမှာ ဘယ်တော့မှမထားတတ်ဘူး။ အထူးသဖြင့်သင်ရှိနေချိန်မျိုးမှာပေါ့။သင်မသိတဲ့ သူတွေ သူ့ Post မှာ Commentပေးတာတွေ၊ Share တာတွေ များလာတယ်။ကောင်မလေး/ကောင်လေးခပ်လန်းလန်းလေးတွေရဲ့ Account တွေကိုလိုက်အပ်တယ်။ Friend ဖြစ်လာတယ်။ သူတို့ရဲ့Post တွေမှာ Comment ၊ Share လုပ်တယ်။
ဒီလို အပြုအမူမျိုးတွေ များလာပြီဆိုရင် သင့်ရဲ့ ချစ်သူ၊ ရည်းစားဟာ သင့်ကွယ်ရာမှာ ဇာတ်လမ်းတွေ ရှိနေပြီဆိုတဲ့လက္ခဏာမျိုးပါပဲ။ တကယ်လို့များ သင့်အနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို သံသယဝင်လာပြီဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်ဖြေရှင်းပါ။ ဒါပေမယ့် ခွေးမြီးကောက် ကျည်တောက်စွပ်မယ့် သူမျိုးဆိုရင်တော့ တာ့တာသာ ပြလိုက်ပါ … ဒါက အကောင်းဆုံးပါပဲ …
အက္ခရာ