ချစ်သူတိုင်းချစ်သူတိုင်းမှာ တစ်ယောက်အကြောင်းကို တစ်ယောက်က ပိုသိလေ၊ နှစ်ဦးသား ဆက်ဆံရတာ ပွင့်ပွင့်းလင်း လင်း ရှိလေပါဘဲ။ ဒါပေမယ့် အမျိုးသားတွေ သတိထားသင့်တာက အော်ကမှာဖော်ပြထားတဲ့ အချက်တွေကိုတော့ ဖြစ်နိုင်သမျှ ၀န်မခံကြဘဲ နေဖို့ အလင်္ကာ က တိုက်တွန်းချင်ပါတယ်။
(၁) လှတာဆိုရင် အကုန်သဘောကျတယ်
ငါကတော့ လှတာဆို အကုန်သဘောကျတယ်ဟေ့-လို့ ကိုယ်က သဘောရိုးအတိုင်း ပြောလိုက်တာပါဘဲ။ ဒီလိုပဲ သင်ရော ကျနော်ရော သူရော လှတာဆို လူတိုင်းသဘောကျမှာပါ။ ဒါပေမယ့် ဒီဝန်ခံမှုက သူရဲ့ မနိုးထစေတဲ့ သံသယစိတ်ကို လှုပ်နှိုးစေပါတယ်။ သင့်ကို လှတဲ့မိန်းကလေးတိုင်း လိုက်ပြီး သဘောကျနေတဲ့သူလို့ ထင်ဖို့ လမ်းစဖြစ်သွားတတ်ပါတယ်။ သဘောမကျဘူးလားဆိုတော့ သဘောကျတာပေါ့။ ဒါပေမယ့် သူတို့ မသိစေနဲ့။
(၂) ငါက လုပ်တတ်ကိုင်တတ်တဲ့သူလည်း မဟုတ်ဘူး
ချစ်သူရဲ့ အထင်ကြီးမှုပျက်ပြားစေတဲ့ ၀န်ခံမှုထဲမှာ ငါက ငဖျင်းပါ၊ ဘာမှ မလုပ်တတ်ဘူးနော်၊ အခုအချိန်ထိ မိဘလုပ်စာ ထိုင်စားနေတာ၊ စသဖြင့် ၀န်မခံမိဖို့လည်း လိုပါတယ်။ အမှန်ကတော့ မိန်းမတစ်ယောက်ကို ဒီလိုဝန်ခံရမှာကလည်း ယောက်ျားတန်မဲ့ အလွန်ရှက်စရာကောင်းပါတယ်၊ သူ့စိတ်ထဲမှာ အဟုတ်ကို သောက်သုံးမကျသူကြီးလို့ ထင်သွားနိုင်ပါ တယ်။
(၃) မင်းအလှက ငါ့အတွက် အလွန်အရေးကြီးတယ်
မင်းရဲ့အလှက ငါ့ဘ၀ပါဘဲ-တို့ မင်းအလှက ငါ့ရဲ့ အချစ်ကို ဖြစ်ပေါ်စေခဲ့တာတို့က သာမန်လောက်သာ စဉ်းစားတတ်သူ
တစ်ယောက်အဖို့တော့ အတော်သဘောကျစရာကောင်းတဲ့ စကားလေးပါဘဲ။ ဒါပေမယ့် စကားလုံးတစ်လုံးကို အထအန
ကောက်ပြီး စဉ်းစားတတ်သူအဖို့မှာတော့ ငါ မလှရင် ဒင်းက တစ်ခြားလှတဲ့သူကို ရှာမယ့်သဘောလို့ တွေးမိမှာပါ
(၄) ချောင်ပိတ်မေးတဲ့ မေးခွန်းဆို ထွက်ပြေးချင်စိတ်ပေါက်တယ်
ကမ္ဘာပေါ်မှာ မေးခွန်းအမေးနိုင်ဆုံးသူတွေကတော့ မိန်းမနဲ့ ကလေးလို့ ဆိုပါတယ်။ မိန်းမတွေကတော့ ဘာရယ်မဟုတ် တစ်ခါတလေ ပျင်းပျင်းရှိ လျှောက်မေးနေတာပါဘဲ။ ကလေးဆိုတာကလည်း ဒီအတိုင်းပါဘဲ။ သူတို့စိတ်ထဲရှိရာ လျှောက် မေးနေတော့တာ။ ဒီတော့ ချစ်သူကို ခဲရာခက်ဆစ်မေးခွန်းတွေ မေးရင် ငါက ထွက်ပြေးချင်စိတ် ပေါက်တယ်လို့ ပြောလိုက် မိတာနဲ့ သူတို့ကို စိတ်ကုန်နေပြီလားဆိုတဲ့ ၀မ်းနည်းမှု၊ သူတို့ကို လျှာရှည်သူများဆိုတဲ့ အတွေးမျိုး ထင်မိစေပါတယ်။
(၅) ငါက သ၀န်တိုတတ်တယ်နော်
သ၀န်တိုတတ်တဲ့စိတ်ဟာ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်ခြင်းရဲ့ သက်သေပါဘဲ။ ဒါပေမယ့် လူတိုင်းနီးပါး မကင်းနိုင်ကြတာ လည်း အမှန်ပါ။ ရင့်ကျက်တယ်ဆိုတဲ့သူတွေမှာတော့ အရာရာကို အကောင်းမြင်စိတ်နဲ့သာ ချဉ်းကပ်လို့ ဒီိစိတ်ဖြစ်ပေါ်မှုက မသိသာပါဘူး။ ကိုယ်က ဒါကို ချစ်သူကို ၀န်ခံလိုတယ်ဆိုရင် သူ့လှုပ်ရှားမှုတွေ၊ သူ့ လွတ်လပ်မှုတွေကို ထိန်းချုပ်လိုက်တဲ့ သဘော ဖြစ်သွားတတ်ပါတယ်။
(၆) ငါက ကြောက်တတ်တယ်
လူတိုင်း ကြောက်စိတ်ကတော့ ရှိတတ်ပါတယ်။ ဒါပေမယ့် မိန်းမတွေမှာလည်း မိန်းမတွေသာ သီးသန့်ကြောက်သင့်တဲ့ အရာလေးတွေ ရှိသလို၊ ယောက်ျားတွေ သီးသန့်ကြောက်ရမယ့် အရာတွေကလည်း ရှိပါတယ်။ ဥပမာ ပိုးဟပ်တစ် ကောင်မြင်လို့ ကောင်မလေးတစ်ယောက် ဆွေ့ဆွေ့ခုန်နေတာဟာ အတော်လေးကို ချစ်စရာကောင်းပြီး ကြည့်လို့တောင် လှနေပါသေးတယ်။
ယောက်ျားလေးတစ်ယောက်က ပိုးဟပ်ကိုမြင်လို့ ငယ်သံပါအောင် အော်နေတာမျိုးဟာ အတော် ဂွကျတဲ့ ကိစ္စပါဘဲ။ ဒီလိုပဲ ကြောက်တဲ့သူကို ဘယ်သူကမှ အားမကိုးချင်ကြပါဘူး။ သင်္ချိုင်းကုန်းတစ်ခုကို ညသန်းခေါင် လူနှစ်ယောက် မဖြစ်မနေ ဖြတ်လျှောက်ဖို့ရှိတယ်ဆိုပါစို့။
တစ်ယောက်ကတော့ ဘာရယ်မဟုတ် သိပ်ကြောက်နေတယ်။ ကျန်တဲ့ တစ်ယောက်က လုံးဝ မကြောက်ဘူး။ ဒီတော့ မကြောက်တဲ့သူဟာ ကြောက်တဲ့သူရဲ့ အားကိုးဖော် ဖြစ်သွားရတော့တာ ပါဘဲ။ ဒီလိုမဟုတ်ပဲ နှစ်ယောက်စလုံး ကြောက်နေ ရင် ဘယ်သူက ဘယ်သူ့ကို အားကိုးရတော့မလဲ။
(၇) ငါက ခံစားချက်တွေဖုံးကွယ်ရာမှာ ဆရာကြီး
ဒီဝန်ခံမှုကလည်း သူ့ကို မလုံမလဲဖြစ်စေပါတယ်။ တစ်ခါတလေ သင်က မှိုင်တိုင်တိုင်ဖြစ်နေတာများ သူတွေ့လိုက်ရင် ဘာကို အလိုမကျနေတာလဲ၊ ဘာကို စိတ်ကောက်နေတာလဲ၊ ဘယ်သူနဲ့များ အထင်လွဲနေသလဲဆိုပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေ ပေးနေသလို ဖြစ်ပါတယ်။ ခဏတဖြုတ်တော့ ဒီအရသာလေးက တယ်ကောင်းပါတယ်။ သူ့ သည်းခံနိုင်မှုအတိုင်းအတာ ကုန်သွားတဲ့နေ့ ပွဲကြီးပွဲကောင်း ဖြစ်သွားတတ်ပါတယ်။
လင်းဖော်ကို (Shwemom)
source : brightside.me