ချစ်သူချင်းအမှတ်တရနေ့လေးတွေမှာ ပို့စ်ကတ်လေးတွေပေးလေ့ရှိကြမှာပေါ့…ဒီလိုပေးတဲ့ အခါ postcard ပေါ်မှာ ကိုယ်ချစ်သူကို ရည်ညွှန်းတဲ့ အနေနဲ့ my lover ဘာညာနဲ့ ရေးတတ်ကြတယ်မဟုတ်လား…
အဲဒီလို lover လို့ရေးသားသုံးစွဲတာ မှားယွင်းပါတယ်တဲ့…သတိပြုကြစေဖို့ပါ…ကျွန်တော်တို့လည်း မသိခင်က lover ဆိုတာ ချစ်သူကိုရည်ညွှန်းတဲ့ စကားအဖြစ်ထင်မိခဲ့ပါတယ်…
ချစ်သူဆိုတဲ့ စကားလုံးကို ''Lover'' လို့ ထင်နေကြတယ်။
အဲလိုပဲ လူတော်တော်များများသုံးနေကြတယ်။
အင်္ဂလိပ်စာ word/verb တစ်ခုကို နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေ ထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာလေးကိုလည်း
လူတိုင်းလိုလို သိကြတယ်။ အဲ .....အဲဒီမှာ ပြဿနာစတာပဲ။
မမှန်ဘူးလို့တော့မဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် ဒီ ''Lover'' ဆိုတဲ့နေရာမှာ ကျတော့မှားပြီ။
Love (ချစ်တယ်)ဆိုတာကို အစွဲပြုပြီးနောက်မှာ-er ထည့်လိုက်ရင် Lover (ချစ်သူ) ဖြစ်ပြီထင်နေကြတယ်။
အမှန်တော့ ''Lover'' ဆိုတာက ချစ်သူမဟုတ်ပါဘူး။ အောက်မှာ definition ရေးပေးလိုက်ပါတယ်။
(*lover (noun) - a partner in a sexual relationship outside marriage)
သူ့ရဲ့ မြန်မာလို အဓိပ္ပာယ်ကတော့ ....လက်မထပ်ပဲ လိင်ဆက်ဆံ ပေါင်းသင်းနေတဲ့ အဖော်လို့ အဓိပ္ပာယ်ရှိပါတယ်…
ဒါဟာ Oxford Advanved Learner's Dictionary ထဲက အတိုင်းဖော်ပြထားတာပါ။
ချစ်သူဆိုတာကို အင်္ဂင်္လိပ်လိုပြောချင်ရင်...
ယောကျာ်းဆိုရင်တော့ ''boyfriend'' ပေါ့။
မိန်းကလေးကိုဆိုရင်တော့ ''girlfriend'' ပေါ့။
ဒါကြောင့် အင်္ဂလိပ်စကားပြောကားတွေမှာ boyfri (or)girlfri ပဲသုံးကြတာပေါ့…
ဒါကြောင့် ဒီလိုလွဲမှားမှုတွေ မဖြစ်ပါစေနဲ့လို့ပြောပြချင်ပါတယ်။
Lover နဲ့ boyfriend & girlfriend အဓိပ္ပာယ်က အကွာကြီး ကွာတယ်နော်... မှားမသုံးမိပါစေနဲ့...
မိမိချစ်သူဟာ မိမိတကယ်မြတ်နိုးနှစ်သက်တဲ့သူဆိုရင် lover လို့မသုံးမိစေနဲ့ပေါ့နော်…
ပြောဖို့တစ်ခုကျန်ပါသေးတယ်...
ကိုယ်ချစ်တဲ့သူကိုလည်း ''my love'' လို့ ပြောနိုင်ပါသေးတယ်။
He/She is my love ဆိုရင်လည်း ချစ်နှစ်သက်တဲ့ လူဆိုတာ သိနိုင်ပါတယ်။
''You are my love'' ဆိုရင်လည်း ''မင်းဟာ ငါ့အချစ်လေး'' လို့ အဓိပ္ပာယ် ရပါတယ်။
အင်္ဂလိပ်စာဆရာတဦး၏ ပို့ချချက်တစ်ခုမှ ပြန်မျှဝေပါတယ်…