ကြော်ငြာကလစ်အလိုလို လုပ်ပေးတဲ့ malware ပါ။
Judy လို့ နာမည်ပေးထားတဲ့ malware သစ်တစ်မျိုးဟာ အန်းဒရိုက်ဖုန်း အလုံးရေ အနည်းဆုံး ၈.၅ သန်းကနေ ၃၆.၅ သန်းကျော်ပေါ် ရောက်နေဖို့ ရှိတယ်လို့ Check Point မှ လုံခြုံရေးသုတေသီများက ဆိုပါတယ်။
Google Play Store ပေါ်မှ အက်ပလီကေးရှင်း ၄၁ ခုမှာ ဒီ malware ကို တွေ့ ရှိပြီးနောက် Play Store ကနေ Google ဟာ ဒီအက်ပလီကေးရှင်းတွေကို စတင်ဖယ်ရှားနေပြီ ဖြစ်ပါတယ်။သို့ သော်လည်း Judy Malware ကူးစက်ခံရတဲ့ အက်ပလီကေးရှင်းတွေကို Play Store ပေါ်ကနေ ဒေါင်းလုပ်ဆွဲမှုပေါင်း အနည်းဆုံး ၄.၅ သန်းကနေ ၁၈.၅ သန်းအထိ ရှိထားပါတယ်။ Check Point ရဲ့ အဆိုအရ ဒီ malware ဟာ အလိုအလျောက် ကြော်ငြာကလစ်ပေးနေတဲ့ malware မျိုးဖြစ်ပြီး ကြော်ငြာတွေကို ကလစ်ဝင်သွားပြီး ပိုက်ဆံရှာနေတဲ့ malware မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ malware ကို ဖန်တီးတဲ့အဖွဲ့ ကတော့ တောင်ကိုရီးယားအခြေစိုက် Kiniwini ဆိုတဲ့ ကုမ္ပဏီဖြစ်ပြီး Play Store ပေါ်မှာ ENISTUDIO corp ဆိုပြီး ဖော်ပြထားပါတယ်။ ဒီအဖွဲ့ ကနေ iOS နဲ့ Android များအတွက် auto-clicking adware များကို ဖန်တီးခဲ့တာ ဖြစ်တယ်လို့ တွေ့ ရှိထားပါတယ်။ ဒီ malware ရဲ့ လုပ်ဆောင်ပုံကတော့ အခြေခံအားဖြင့် သူကူးစက်တဲ့ ဖုန်း ၊ တက်ဘလက် စတဲ့ ထုတ်ကုန်တွေကို သုံးပြီး ကြော်ငြာတွေကို မှားပြီး ကလစ်ခေါက်မိအောင် လုပ်ထားတာပါ။ Kiniwini ကုမ္ပဏီ ကနေ ရေးတဲ့ malware လိုမျိုးကို တစ်ခြားကုမ္ပဏီတွေကလည်း ရေးထားတယ်လို့ ဆိုပါတယ်။ ဒါမျိုးကို ပြီးခဲ့တဲ့နှစ် ဧပြီလထဲကတည်းက တွေ့ ခဲ့ဖူးတာ ဖြစ်ပါတယ်။
Judy malware ဟာ Google Play Store ရဲ့ အကာအကွယ်စနစ်ကို ကျော်လွှားပြီး app store ထဲကို ထည့်သွင်းနိုင်တဲ့ စနစ်ကို သုံးထားတာ ဖြစ်လို့ အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲလိုက်တာနဲ့ ဒီ malware ဟာ တကယ့်နောက်ကွယ်ကနေ ချုပ်ကိုင်မယ့် Control and Command server နဲ့ ကော်နက်ရှင်တစ်ခု သွားချိတ်ပါတယ်။ Google ကတော့ ဒီ malware ပါတဲ့ အက်ပလီကေးရှင်း တွေကို Play Store ကနေ ဖယ်ရှားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
Credit : Duwun