မိန်းမဆိုတဲ့အမျိုးက နဂိုတည်းက အကြောင်းမရှိအကြောင်းရှာရစ်တတ်တဲ့အမျိုး။သေးသေးလေးကအစ လိုက်ခံစားတတ်တဲ့ စိတ်နုလွယ်တဲ့အမျိုး။ခုတစ်မျိုးတော်ကြာတစ်မျိုး စိတ်အပြောင်းအလဲကလည်းမြန်သေး။အဲ့တော့ ကိုယ့်မိန်းမကို ပြသနာရှာမိပြီလို့ထင်တိုင်း ရှောင်ရှားရမယ့်အချက်လေးတွေရှောင်ရှားပြီး အလိုက်သင့်လေးနေပေးဖို့လိုတယ်။အဲ့လိုမှာ ဇနီးသည်နဲ့အိမ်ထောင်ရေးရေရှည်တည်တံ့မှာ။အထူးသဖြင့် မသေးမျှင်လိုဇီဇာကြောင်၊ဒေါသထွက်တတ်တဲ့မိန်းမမျိုးဆိုပိုတောင်သတိထားသင့်တယ်။အဲ့တော့ဇနီးကြည်နည်းတွေက…
သူမ စကားပြောတဲ့အခါ ဂရုစိုက်နားထောင်ပေးလိုက်ပါ။
သူမ စကားပြောတဲ့အခါ ကြည့်လက်စ Tv ဖြစ်ဖြစ၊် Phone ဖြစ်ဖြစ် ခဏရပ်ပြီး သူမကို အချိန်ခဏပေးပြီးဂရုတစိုက်နားထောင်ပေးလိုက်ပါ။
သူမစကားပြောတဲ့အခါ သင့်မျက်လုံးတွေကိုမကြည့်ဝံ့တဲ့အခါ သူမမှာပြသနာတစ်ခုခုဖြစ်နေပြီဆိုတာသိပါစေ။
ဒီလိုအရိပ်ပြအကောင်မြင်တတ်ဖို့လည်းလိုပါတယ်။သူမပြသနာတွေကိုသေချာမေးပြီး ကြင်နာပေးလိုက်ပါ။ဖြေရှင်းပေးလိုက်ပါ။
သူမဒေါသထွက်နေရင် ဘယ်တော့မှ မသိချင်ယောင်မဆောင်မိပါစေနဲ့။
မဟုတ်ရင် ဒေါသပိုဆွလိုက်သလိုဖြစ်သွားနိုင်ပါတယ်။သူမကိုဒေါသထွက်အောင် ဘာတွေလုပ်မိလဲစဉ်းစား၊ ပြီးရင်တောင်းပန်လိုက်ပါ။မိန်းမဆိုတာမျိုးက အချော့ကြိုက်တတ်တဲ့အမျိုးပါ။
Anniversary နဲ့ သူမရဲ့ Birtday ကိုယောင်လို့တောင်မမေ့ပါစေနဲ့။
မိန်းကလေးတွေဟာ အသေးအဖွဲလေးတွေကအစ ခံစားချက်ပြင်းထန်တဲ့သူတွေမို့ ဒီရက်လေးတွေကိုမှတ်မိတာက သူမအတွက် အလေးထားခံရတဲ့ခံစားချက်မျိုးကို ဖြစ်စေပါတယ်။
သူမဘက်ကအမြဲရပ်တည်ပေးပါ။
သင့်ဇနီးဟာ သူများတွေနဲ့ သဟာဇာတမတည့်တော့ရင် သင့်ဇနီးသည်ဘက်ကပဲရှိပေးပါ။သူ့မိသားစုဝင်တွေ၊ သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေရင်တောင် သင့်ဇနီးသည်ဘက်ကပဲရပ်တည်ပါ။
သူမရဲ့ရာသီလာချိန်ကိုလည်းသိထားပါစေ။
သေးသေးလေးကအစ လိုက်ဒေါသထွက်နေရင် ဘာကြောင့်ဖြစ်သလဲစဉ်းစားပါ။တကယ်လို့ ရာသီလာချိန်ဖြစ်နေရင်သင်ကပဲအလျှော့ပေးလိုက်ပါ။အမျိုးသမီးတွေဟာ ရာသီလာချိန်မှာဒေါသလွယ်လွယ်ထွက်တတ်တာကြောင့် သူမရာသီလာချိန်ကိုသိထားဖို့လိုပါတယ်။မသိရင်လည်း “မင်းရာသီလာလို့ဒေါသထွက်နေတာလား”လို့ယောင်လို့တောင် မပြောမိပါစေနဲ့။ ကိုယ်သေတွင်းကိုယ်တူးရာ ဖြစ်သွားနိုင်ပါတယ်။
ကြောနပ်ပါစေ။
သူမတစ်နေရာရာသွားမလား၊ တစ်ခုခုလုပ်မလားမေးတဲ့အခါ အဲ့ဒါသင့်ကိုမေးနေတာမဟုတ်ပဲ၊ သွားမယ် လုပ်မယ် ဆိုပြီးသူဖြစ်ချင်တာကိုပြောနေတယ်ဆိုတာ သိပါ။”ဘာမှမဟုတ်ဘူး”လို့ပြောရင်လည်း သြော်..ဘာမှမဟုတ်ဘူးပဲလို့မတွေးလိုက်ပါနဲ့။သူမဘာတွေဖြစ်နေသလဲ ပါးပါးနပ်နပ်နဲ့ မေးပါ။ ရတယ်။ပြသနာမရှိဘူးပြောပြ။မင်းပြောမှကိုယ်သိပြီး မင်းကိုကူညီနိုင်မှာလေ…စသဖြင့်ဖေးမ လိုတဲ့စိတ်နဲ့လေသံနဲ့မေးပါ။
ခရီးတွေကပြန်ရောက်တဲ့အခါ ပင်ပန်းတယ်လို့တန်းမပြောပါနဲ့။
မတွေ့ရတာကြာလို့လွမ်းကြောင်း၊နောက်တစ်ခေါက်အတူတူသွားဖို့အတွေးရှိကြောင်း စသဖြင့်နားဝင်ချိုစေမယ့် အပြောလေးတွေပြောတတ်ပါစေ။
ယောက်ျား(Gentleman)ပီသပါ။
ပြောစရာရှိတာကို ပြောပါ။”ဘာမှမဟုတ်တော့ပါဘူး”ဆိုတာမျိုးတွေမပြောပါနဲ့။ဦးစားပေးသင့်တာပေးပါ။ အလျှော့ပေးသင့်တာပေးပါ။သူမအတွက်အချိန်ပေးပါ။မိန်းမအလုပ်၊ယောက်ျား အလုပ်ခွဲမနေပဲ ကိုယ်ကကူညီပေးနိုင်တာရှိရင်ကူညီပေးလိုက်ပါ။
ဒါကတော့ အိမ်ထောင်သည်အများစုရဲ့အခြေအနေကိုခြုံငုံပြီးပြောတာဖြစ်ပါတယ်။ သင့်ဇနီးသည်အကြောင်းသင့်လောက် ဘယ်သူမှမသိနိုင်ပါဘူး။ဒီတော့ကိုယ့်ဇနီးသည်ရဲ့ စိတ်နေသဘောထားကိုကြည့်ပြီးသင့်မြတ်စွာနေထိုင်ရင်း ကျန်းမာပျော်ရွှင်သာယာတဲ့ မိသားစုလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။
Grinny (Shwemom)
Ref; LovePanky.com