လေယာဉ်မယ် အဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေသူတစ်ယောက်ဟာ ရုပ်ကလေးလှသလောက် အကျင့်တန်တယ်ဆိုပြီး ဆိုရှယ်လူမှုကွန်ယက် တွေပေါ်မှာ အရှက်ကောင်းကောင်း အခွဲခံနေရပြီ ဖြစ်ပါတယ်။ အခုမှ သူမ အကြောင်း သိကြတဲ့သူတွေကတော့ သူမရဲ့ မျက်ရည်ခံထိုး လုပ်ကြံသတင်းတွေနဲ့အတူ ရုပ်ကလေးကို ငဲ့ကွက်ပြီး သနားနေကြသူတွေ ရှိပါတယ်တဲ့။
ဒါပေမယ့် သူမရဲ့ အပုတ်အပွဇာတ်ရုပ်ကို ဖော်ထုတ်ခဲ့သူကတော့ Krizty Cheng ဖြစ်ပြီး အဲဒီလေယာဉ်မယ်က သူမရဲ့ လင်ယောက်ျားကို ကြာခိုကာ သူမ ကိုလည်း အကြိမ်ကြိမ်ဒုက္ခပေးခဲ့ကြောင်း ပြောင်ပြောင်တင်းတင်း ဖွင့်ဟခဲ့ပါတယ်။ သူ မရေးသားထားတဲ့ စာရဲ့အောက်မှာ လူတော်တော်များများရဲ့ အားပေးနှစ်သိမ့်မှုနဲ့အတူ အကျင့်စာရိတ္တယိုယွင်းနေတဲ့ လေ
ယာဉ်မယ်ကို ၀ိုင်းဝိုင်းဆဲဆိုခဲ့ကြပါတယ်။
Cheng ဟာ ဖိလစ်ပိုင်နိုင်ငံ မှဖြစ်ပြီး၊ မေလ 28 ရက်နေ့က တင်ခဲ့တဲ့ စာထဲမှာ သူမ ရဲ့ ဇာတ်ကြောင်း ကို ရေလည်အောင် ရှင်းပြခဲ့ပါတယ်။ သူမက ” ဒါက အိမ်ထောင်ရေးပြိုကွဲအောင်လုပ်နေတဲ့ မိန်းမယုတ်မရဲ့ မျက်နှာပေါ့ ကျမနဲ့ခင်ပွန်းက လက်ထပ်တာ 4 နှစ်ရှိပါပြီ … အတူနေတာ 13 နှစ်ကျော်ခဲ့ပါပြီ .. သူ့ကြောင့် ကျမတို့ အိမ်ထောင်ရေး ပြိုကွဲခဲ့ရပါတယ် “လို့ ရေးသားခဲ့ပါတယ်။
အဆိုပါ လေယာဉ်မယ် ရဲ့ မိဘ တွေဟာ သူတို့သမီး မယားငယ်ဖြစ်နေတာကိုလည်း မတားဆီးသည့်အပြင် အားပေးအား မှောက် ပြုလုပ်သူများ ဖြစ်ကြောင်း၊ အဲဒီ လေယာဉ်မယ် ရဲ့ အမည်မှာ Jeezreen Kaye Eled ဖြစ်ကြောင်း၊ ဖိလစ်ပိုင်လေ
ကြောင်းလိုင်းက လေယာဉ်မယ် ဖြစ်ကြောင်း၊ အခြား အိမ်ထောင်သည်အမျိုးသမီးတွေလည်း ဒီလို မပါရအောင် ဂရုစိုက်ကြဖို့ အကြောင်း၊ သတိပေးခဲ့ပါတယ်။
Kaye ဟာ သူမ ရဲ့ယောက်ျား ကို အိမ်ထောင်သည် မှန်း သိသိကြီးနဲ့ မြှူစွယ်ဖျားယောင်းခဲ့ပြီး၊ ပေါ်တင်တွဲခုတ်ခဲ့တာ ဖြစ်ကြောင်း၊ ဒီကြားထဲမှာ သူမ ကိုပင် အမျိုးမျိုးနှိပ်စက် အနိုင်ကျင့်ခဲ့ကြောင်း၊ ခင်ပွန်းက မိသားစု ကို ငဲ့ကွက်ကာ နောက်ဆုံး အဆက်အသွယ် ဖျက်ခဲ့တာတောင်မှ၊ မရမက လိုက်ချိတ်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
ဒါ့အပြင် Kaye ဟာ မိမိ ယောက်ျား နဲ့ အပြင်မှာချိန်းတွေ့ဖို့ ခဏခဏကြိုးစားခဲ့ကြောင်း၊ တမင် အိမ်ထောင်ရေး တစ်ခု ပြိုကွဲစေဖို့ သက်သက်မဲ့ကြိုးစားနေတဲ့ မိန်းမယုတ် ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ Cheng ရဲ့ ပို့စ်အောက်မှာ ထောက်ခံ ၀န်းရံသူတွေနဲ့၊ အဆိုပါပို့စ်ကို Share သူတွေကလည်း ထောင်ချီရှိခဲ့ပါတယ်။
Credit : နတ်စည်တော် (Shwemom)