ဖက်တယ်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှုကို ပြတဲ့ အမူအ ယာတစ်ခုပါ။ချစ်သူတွေမှာသာမက သူငယ်ချင်းမိတ်ဆွေအချင်းချင်းလည်း နှုတ်ဆက်တဲ့ အခါမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ဖက်လှဲတကင်းနှုတ် ဆက်ကြတာတွေ ရှိပါတယ်။ချစ်သူအမျိုးသားတွေရဲ့ ဖက်တဲ့ ပုံစံရဲ့ နောက် ကွယ်မှာ အဓိပ္ပါယ်တွေရှိပါတယ်။
(၁)လက်တစ်ဖက်နဲ့ဖက်တာ
လက်တစ်ဖက်တည်းနဲ့ ဖက်တဲ့ စတိုင်ကတော့ သင့်အနားမှာ ရှိနေရတာ ခွ တီးခွကျဖြစ်နေတယ်ဆိုတာကို ပြချင်တာပါ။ဒါဟာ သင့်ကို သူသိပ်မဖက်ချင်၊ ဖက်ချင်ဖြစ်နေတဲ့ သဘောပါ။
(၂)ခပ်မြန်မြန်ဖက်တာ
အချိန်တိုခဏလေးအတွင်းမှာ ရုတ်တရက်ပြေးဖက်လိုက်တာမျိုး၊ခပ်မြန်မြန် ဖက်လိုက်တာမျိုးပါ။ဒီဖက်တဲ့ ပုံစံမှာတော့ အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ တစ်ချို့တွေက ဒါဟာ သိပ်မဖက်ချင်၊ဖက်ချင်ပုံမျိုးလို့ အဓိပ္ပါယ်ဖွင့်တတ်ပေမယ့် တစ်ချို့ကတော့ အားပေးနှစ်သိမ့်တာ၊ ဂရုစို က်မှုပြတာ၊အလျင်တစ်လို သွားစ ရာရှိလို့ ခပ်မြန်မြန်ဖက်တာ၊အချစ်တွေ ပြည့် လျှံလာလို့ ခဏတောင်မစောင့်နိုင်ပဲ ဖက်တာဆိုပြီး အဓိပ္ပါယ်တွေက အများ ကြီးရှိပါတယ်။
(၃)လှမ်းဖက်တာ
ဒါကတော့ တကယ့်ကို လွမ်းလွန်းလို့ ဆိုတာကို ပြလိုက်တဲ့ အသိသာဆုံး လက္ခဏာပါ။ဒီလိုဖက်နည်းမျိုးကတော့ tv နဲ့အချစ်ဇာတ်ကားတွေမှာ တွေ့ေ နမြင်နေကျပုံမျိုးပါ။သင့်ကို သူတကယ်ပဲ လိုအပ်ပြီး အရူးအမူးဖြစ်နေ တယ်ဆိုတာကို ပြတာပါ။
(၄)ချာချာလည်လှည့်ဖက်
ချာချာလည်လှည့်ဖက် လိုက်တဲ့ ပုံမျိုးပါ။အရမ်းနှစ်သက်လို့ ဆော့ကစား လို က်တာပါ။သင့်အနားမှာရှိနေရတာ သက်သောင့်သက်သာရှိ တယ်၊လွတ် လပ်ေ ပါ့ပါးတယ်။သင့်ရဲ့ အပြုံးလေးတွေကို နှစ်လိုတပ်မက်ပြီး သင့်ရဲ့ပျာ်ရွှင်တဲ့ ရယ်သံလေးတွေကို နှစ်သက်သဘောကျတယ်ဆိုတာကို ပြတာပါ။
(၅)တင်းတင်းကျပ်ကျပ်ဖက်
တင်းတင်းကျပ်ကျပ်ဖက်တဲ့ ပုံမျိုးပါ။သူ့အနားကနေ ဘယ်မှ ထွက်မသွားပါနဲ့လို့ ပြောနေတာပါ။သင့်အပေါ် တကယ်ပဲချစ်ပြီး ထွက်သွားမှာကို ကြောက်နေ တယ်ဆိုတာကို အမူအယာနဲ့ပြနေတာပါ။သူ့စိတ်ကို စကားလုံးတွေနဲ့ ပြရမှာ ရှက်လို့ အမူအယာနဲ့ပြနေတာပါ။
(၆)ဖျစ်ညှစ်ဖက်တာ
တင်းတင်းကျပ်ကျပ်နဲ့ ချစ်ညှစ်ဖက်တာပါ။လက်မောင်းတွေနဲ့ သိမ်းကြုံးယူပြီး ဖျစ်ညှစ်လိုက်တဲ့ ဖက်တဲ့ ပုံစံက တကယ့်ကို ချစ်စရာကောင်းတဲ့ ဖက်နည်း ပုံစံတစ်ခုပါ။ဒီလိုဖက်တဲ့ ပုံစံက ချစ်သူချင်းမှာသာ မဟုတ်ပဲ သူငယ်ချင်းအချင်း ချင်း လည်း ဖက်ကြပါတယ်။ဒါကြောင့် မိတ်ဆွေအချစ်မျိုးနဲ့ ဖက်တာလား၊ချစ် သူလို ဖက်တာလားဆိုပြီး အချိန်၊နေရာနဲ့ အခြေအနေပေါ်မူတ ည်ပြီး ကွဲပြားနို င်ပါတယ်။
(၇)မျက်လုံးကို စိုက်ကြည့်တာ
ဖက်နေရင်းနဲ့ ခဏလောက် နားပြီး မျက်လုံးကို စိုက်ကြည့်တာပါ။ သင့်ကို တကယ့်ကို နက်နက်ရှိုင်းရှိုင်းချစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ရိုမန်တစ်ဆန်တဲ့ ဖက်တဲ့ ပုံစံတွေထဲ ကတစ်ခုပါ။
Ref;herinterest @ Shwemom