အချစ်ရေးအချစ်ရာမှာ အဓိကထားပြီး ဂရုစိုက်စရာက များများစားစား မရှိပါဘူး။ ဒါကို မသိလို့ တစ်ချို့သော စုံတွဲတွေဟာ
စောစောစီးစီး ခွာပြဲကြတယ်လို့ ယူဆရပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ တစ်ခြံမြင်လို့ တစ်ခြံခုန်ကြသူတွေ၊ တစ်ပင်မလဲ
ဘဲ တစ်ပင်ထူလိုကြသူတွေ စတဲ့ ရည်ရွယ်ချက်ရှိရှိတဲ့ ခွာပြဲကြသူတွေလည်း ရှိပါတယ်။ ဒီတော့ အချစ်ရေးမှာ ဘာအရေး
ကြီးဆုံးလဲဆိုတာကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
က ထားခဲ့တဲ့ နွေးထွေးပြူငှာမှုနဲ့ ချစ်သူသက်တမ်း သုံးလ၊ တစ်နှစ်၊ သုံးနှစ် အတွင်းမှာ ထားခဲ့တဲ့ နွေးထွေးပြူငှာမှုကို စံထိုး
တိုင်းတာတဲ့အခါ ချစ်သူအပေါ်မှာ ဘယ်လိုဆက်ဆံမိနေသလဲဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ တိုးတိုး
လာသလား၊ ဆုတ်ယုတ်သွားသလား ဒါက အချစ်ရေးတည်မြဲမှုရဲ့ အဖြေတစ်ခုပါဘဲ။
လေးစားမှုဆိုတာ သူ့ဖာသာ အလကား အချောင်သက်သက် ရသွားတာ ဖြစ်သွားတာတော့ မဟုတ်။
တစ်ယောက်နဲ့ တစ်ယောက် လေးစားရလောက်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်
စတဲ့အချက်တွေဟာ လူတစ်ယောက်ရဲ့အပေါ်
ပါတယ်။ စောစောကလိုပဲ ကိုယ်တိုင်က မပွင့်မလင်း ကုတ်ကမြင်းလို လုပ်နေရင် လေးစားမှုဆိုတာကလည်း ဘယ်ရှိတော့မ
လဲ။ နောက်ပြီး ပွင့်လင်းတာဟာ ရိုးသားခြင်း အပြစ်ကင်းစင်ခြင်းကို တစ်ဖက်လူကို မြင်သာစေပါတယ်။
စောစောစီးစီး ခွာပြဲကြတယ်လို့ ယူဆရပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ တစ်ခြံမြင်လို့ တစ်ခြံခုန်ကြသူတွေ၊ တစ်ပင်မလဲ
ဘဲ တစ်ပင်ထူလိုကြသူတွေ စတဲ့ ရည်ရွယ်ချက်ရှိရှိတဲ့ ခွာပြဲကြသူတွေလည်း ရှိပါတယ်။ ဒီတော့ အချစ်ရေးမှာ ဘာအရေး
ကြီးဆုံးလဲဆိုတာကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) နားလည်မှုနဲ့ ပြောဆိုဆက်ဆံမှု
ချစ်သူချင်းကြားမှာ နားလည်မှုတဖြည်းဖြည်း တည်ဆောက်ယူရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်မိတည်းဖွားချင်း တောင် နားလည်မှုဆိုတာ မိမွေးတိုင်းဖမွေးတိုင်း ပါလာတာ မဟုတ်ပေ။ ဒါကြောင့် အချစ်ရေးရဲ့အခြေခံအချက်ဟာ နာလည်မှုပါဘဲ။ နားလည်မှု လွဲပြီဆိုတာနဲ့ ကျန်တာ ဆက်ညှိဖို့ အဆင်မပြေတော့ပါဘူး။ နားလည်မှုနဲ့ စကားပြောပါ။ နားလည်မှုနဲ့ နားထောင်ပါ။ ဒါက အချစ်ရေးမှာ အဓိကကျတဲ့ အချက်ပါဘဲ။
(၂) နွေးထွေးပြူငှာမှု
နွေးထွေးပြူငှာလွန်းလို့ ချစ်သူတွေတောင် ဖြစ်လာကြပြီပဲလို့ စောဒကတက်စရာရှိပါတယ်။ ဒါပေမယ့် ချစ်သူဖြစ်ကာစတုန်းက ထားခဲ့တဲ့ နွေးထွေးပြူငှာမှုနဲ့ ချစ်သူသက်တမ်း သုံးလ၊ တစ်နှစ်၊ သုံးနှစ် အတွင်းမှာ ထားခဲ့တဲ့ နွေးထွေးပြူငှာမှုကို စံထိုး
တိုင်းတာတဲ့အခါ ချစ်သူအပေါ်မှာ ဘယ်လိုဆက်ဆံမိနေသလဲဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း သိပါလိမ့်မယ်။ တိုးတိုး
လာသလား၊ ဆုတ်ယုတ်သွားသလား ဒါက အချစ်ရေးတည်မြဲမှုရဲ့ အဖြေတစ်ခုပါဘဲ။
(၃) လေးစားမှု
လေးစားမှုဆိုတာ သူ့ဖာသာ အလကား အချောင်သက်သက် ရသွားတာ ဖြစ်သွားတာတော့ မဟုတ်။
တစ်ယောက်နဲ့ တစ်ယောက် လေးစားရလောက်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်
စတဲ့အချက်တွေဟာ လူတစ်ယောက်ရဲ့အပေါ်
မှာ လွှမ်းမိုးလွန်းလာရင် အထင်ကြီးမယ်၊ လေးစားမယ်။ ဒါပေမယ့် ကိုယ်ထင်တဲ့
အတိုင်း မဟုတ်ရင် … စိတ်ပျက်စရာ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်
စတဲ့အချက်တွေကို တွေ့မိရင် လေးစားစိတ်တွေ လျှော့သွားရော .. ဒါကလည်း
အရေးကြီးပါတယ်။ တစ်ဖက်လူ လေးစားအောင် နေထိုင်ပါလို့ ပြောချင်ပါတယ်။
(၄) ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်မှု
အခုနောက်ပိုင်းမှာ အတော်တွင်ကျယ်လာတဲ့ ပွင့်လင်းမြင်သာမှု-ဆိုတဲ့ ဝေါဟာရဟာ ချစ်သူတွေကြားထဲမှာ တကယ်လိုအပ်ပါတယ်။ စောစောကလိုပဲ ကိုယ်တိုင်က မပွင့်မလင်း ကုတ်ကမြင်းလို လုပ်နေရင် လေးစားမှုဆိုတာကလည်း ဘယ်ရှိတော့မ
လဲ။ နောက်ပြီး ပွင့်လင်းတာဟာ ရိုးသားခြင်း အပြစ်ကင်းစင်ခြင်းကို တစ်ဖက်လူကို မြင်သာစေပါတယ်။
(၅) ပြဿနာများကို အတူရင်ဆိုင်ဖြေရှင်းမှု
နောက်ဆုံး အရေးကြီးဆုံအချက်ကတော့ ချစ်သူ အိမ်ထောင်သည် ဘ၀မှာ ဘယ်သူသေသေ ငတေမာ ပြီးရောစိတ်ဓာတ် ထားလို့ မရပါဘူး။ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ထားရပါမယ်။ လောကဓံရှစ်ပါးကို အတူတူ ရင်ဆိုင်ရပါမယ်။ တစ်နေ့က ထိုင်းနိုင်ငံမှာ ရင်သားကင်ဆာဖြစ်နေတဲ့ မိန်းမကို ပစ်ထားခဲ့တဲ့ခင်ပွန်း၊ အဲဒီလို မဖြစ်ရပါဘူး။ ဒါဟာ အချစ်ရေးမှာ အရေးကြီးဆုံးပါဘဲ။
နတ်စည်တော် source : wikihow.com
