တစ်ခါတုန်းက....
အရမ်းသိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်
တစ်နေ့ကျတော့...
ကောင်မလေးကို ကောင်လေးက လမ်းခွဲဖို့ စကားဆိုတယ်
ကောင်မလေးက မေးတယ်
"ငါ့ မှာ ဘာအပြစ်ရှိလို့ လမ်းခွဲတာလဲ...?"
ကောင်လေးက ဖြေတယ် နင့်မှာ အပြစ်ရှိလို့ မဟုတ်ပါဘူး
အပြစ်မှာ ငါ့မှာ ရှိနေတာပါ။
ဒါပေမယ့် ငါ မဖြေချင်ဘူး
ငါက နင်နဲ့ထိုက်တန်သူ တစ်ယောက်မဟုတ်တော့ဘူး
ကောင်မလေးက..
နင် အကြောင်းပြချက်တစ်ခုခုတော့ ပေးပါ
အဲ့ဒါမှ နင့်ကို ရင်နာနာနဲ့ မေ့လို့ရမှာ
ကောင်မလေးက မေးလွန်းမက မေးလာတော့ ကောင်လေးက
လက်လျှော့လိုက်ရပြီး ဖြေပါတယ်။
"ငါ..ငါ...ငါ ကောင်မလေးတစ်ယောက်ကို ကျူးလွန်မိပြီ"
ငါ့တို့သူငယ်ချင်းတွေ final year စာမေးပွဲနောက်ဆုံးနေ့က
ဘီယာသောက်ကြတယ်။ဘီယာအရမ်းမူးတော့ ငါ့ သူငယ်ချင်းက
သူ့အိမ်ခေါ်သွားတယ်။အဲ့ဒီညမှာ အကုန်မူးနေကြတယ်
ငါမှတ်မိသလောက် အိမ်သာထသွားတယ်။
မနက်မိုးလင်းလာတော့ ငါ့သူငယ်ချင်း ညီမအခန်းထဲရောက်နေတယ်
ငါ နိုးလာတော့ ငါ့ သူငယ်ချင်းညီမက ငိုနေတယ်
ငါ အရမ်းမှားသွားပီ ငါ ယောက်ျားပီသချင်တယ်
ငါ သူ့ကိုတာဝန်ယူမယ်လို့ ကတိပေးခဲ့တယ်။
ကောင်လေးက ချစ်သူက စကားဆုံးသွားတော့ နာကျည်းစွာနဲ့
ကောင်လေးပါးပြင်ကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်တယ်
ကောင်လေးက ဘာမှပြန်မပြောဘဲ ခေါင်းငိုက်စိုက်ကျသွားပြီး
ကောင်မလေးပြေးထွက်သွားတာကို အသက်မဲ့စွာ ရပ်ကြည့်နေမိတယ်။
အဲ့ဒီလိုနဲ့ အချိန်နှစ်လကြာသော်.....
ကောင်မလေး အိမ်သို့ မိန်းကလေးတစ်ယောက် ရောက်လာတယ်
ကောင်မလေးက ဧည့်သည်ကို ဧည့်ခန်းခေါ်ဆောင်လာပြီး
ဘာကိစ္စ ရှိလဲလို့မေးတယ်။
သူ့ထက် ငယ်ဟန်တူသော ဧည့်သည်မိန်းကလေးက ဘာမှမပြောဘဲ
ကောင်မလေးကို ထိုင်ကန်တော့တယ်။" မမ"ညီမလေးကို ခွင့်လွှတ်ပါ
"ကိုကို"ကို ညီမလေးက အကိုကြီးနဲ့ ပတ်သက်ကတည်းက
ရင်ထဲမှာ ကြိတ်ချစ်နေမိတာပါ။
ကိုကို က အရမ်းသဘောကောင်းပြီး တည်ကြည်ဖြောင့်မတ်တဲ့
ယောက်ျားတစ်ယောက်ပါ။ သူတို့ အရက်မူးလာတဲ့ညက
ကိုကို အိမ်သာဘက်ကို သွားတာ ညီမလေး သတိထားမိတယ်
"ကိုကို"ကို စိတ်မချလို့ ညီမလေး ကြည့်နေခဲ့တယ်။
ကိုကို က ဆရာဝန်လည်းဖြစ်တော့မယ့်သူ ၊ နောက်ပြီး အရည်အချင်းရှိတဲ့ လူကောင်းတစ်ယောက်ဆိုတော့ ညီမလေး သူ့ကို
ဆုံးရူံးရမှာ အရမ်းကြောက်နေမိတယ်။ ညီမလေး အတွေးထဲမှာ
သူ့ကိုဆုံးရူံးလိုက်ရမှာကို ကြောက်တဲ့စိတ်နဲ့ အမူးလွန်နေတဲ့ သူ့ကို
ညီမလေး အခန်းထဲတွဲခေါ် သွားမိတယ်။
ကိုကို က ဘာမှမသိပါဘူး ။ ညီမလေး အကွက်ထဲမှာ သူခံလိုက်ရတာပါ
ညီမလေးနဲ့ ကိုကို ဘာမှမဖြစ်ခဲ့ပါဘူး ။ ဒီကိစ္စကို ညီမအကိုနဲ့
ကိုကို ပဲသိတာပါ။ ညီမလေး အကိုကိုလည်း ရှင်းပြပီးပါပြီ။
"ကိုကို"ကိုတော့ ညီမလေး မပြောရဲဘူး။ အဲ့ဒါကြောင့် မမ ကို
အကြောင်းစုံရှင်းပြပြီး ညီမလေး လာတောင်းပန်တာပါ။
ကိုကို့ ရဲ့ချစ်သူက" ညီမလေး ဘာ့ကြောင့် ကိုယ်ပိုင်ရတော့
ပစ္စည်းကို မမ ကို ဘာလို့ပြန်လာပေးတာလဲ....?မေးတော့...
"မမ"ရယ် ကိုကို ရင်ထဲမှာက မမ ပဲရှိတာပါ ။ နောက်ပြီး
ညီမလေး ကိုယ့်ကိုယ် ကို တွေးရင်းနဲ့ ရှက်လာတယ်
ညီမက ကိုကို့ ကို ပိုင်ဆိုင်လိုက်ပေမယ့် သူ့နှလုံးသားကို
ညီမ တစ်သက်လုံး ပိုင်ဆိုင်ရမှာ မဟုတ်ဘူးလေ။
ညီမလည်း တစ်သက်လုံး ကိုယ့်လိပ်ပြာ ကိုယ်လုံမှာမဟုတ်ဘူး။
ညီမလေးကို ခွင့်လွှတ်ပါနော် ဆိုပြီး ပြေးထွက်သွားလေသည်။
ကိုကို့ ရဲ့မေတ္တာနဲ့ သစ္စာမှန်ကန်မှူကြောင့် ချစ်သူနှစ်ဦးပေါင်းဖက်ခွင့်ရပြီး
ပျော်စရာ အချစ်ကမ္ဘာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။
သာဓကလေးကို ကြည့်ခြင်းအားဖြင့် အရက်နှင့် မူးယစ်စေသော
အရာတွေက ခိုင်မာပါတယ်ဆိုတဲ့ သံယောဇဉ် ကြိုးကိုတောင်
ပြတ်တောက်စေနိုင်ပြီး ဂုဏ်သိက္ခာပါ ကျဆင်းစေပါတယ်။
မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပြီး ဘဝတစ်ခုလုံးပါ
စုတ်ပြတ်သွားနိုင်သော အမှားတွေ ကျူးးလွန်စေတတ်ပါတယ်။
နောက်သာဓကတစ်ခုက မေတ္တာမှန်ပြီး သစ္စာတည်ခဲ့ရင်
ပြတ်လုနီးပါးဖြစ်သော အချစ်ရေးမှာတောင် ပြန်လည်
အသက်ဝင်လန်းဆန်းလာတတ်တယ်
♥ ♥ ♥
ဇင်းနစ် မကွေး
ဘဝတွက် စာပေ