တာချီလိတ်မြို့ သို့  ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံမှ လူသတ်တရားခံ အမျိုးသမီး နှစ်ဦး

၂၉-၅-၂၀၁၇

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်း ဖွင့်လစ်ထားတဲ့ ကာရာအိုကေ ဆိုင် မှာ အလုပ်လုပ်နေသူ ၀ါရစ်စရာ အသက်၂၂ နှစ်ကို သတ်ပြီး အလောင်းကို မြေမြုပ်ဖျောက်ဖျက်မှုနဲ့  အလိုရှိနေသူ အဓိက တရားခံ နှစ်ဦးဟာ မိုင်ဆိုင်မြို့ မှ မြန်မာနိုင်ငံ တာချီလိတ် မြို့ ကို ထွက်ပြေးသွားခဲ့လို့  ထိုင်းရဲတွေဟာ တရားခံတွေကို ဖမ်းမိနိုင်ဘို့  မြန်မာအာဏာပိုင်တွေနဲ့  ဆွေးနွေးညှိနိုင်းနေကြောင်း သိရပါတယ်။


က၀ိဒါ အသက် (၂၅) Kaewida, 25, နဲ့  Miss Praianuch aged 24. ပရီယာနု အသက် ၂၄ နှစ်တို့ နှစ်ဦးဟာ အဓိက လူသတ်တရားခံတွေဖြစ်ပြီး ၂၅ ရက်နေ့ က ကာရာအိုကေမယ် ၀ါရစ်စရာသေဆုံးကို ပူးပေါင်း ကြံစည်သတ်ဖြတ်ခဲ့သူတွေ ဖြစ်ပါတယ်။

တရားခံနှစ်ဦး လက်ရှိနေထိုင်နေတဲ့ တာချီလိတ် မြို့ နယ်အတွင်းကသူတိုအလုပ်လုပ်တဲ့ ကာရာအိုကေ ရုံ နေရာကို ခြေရာခံမိသွားပြီ လို့ လည်း သိရပါတယ်။ သေဆုံးသွားသူအမျိုးသမီးဟာ ခွန်ကင်ပြည်နယ်သူဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းနေသူတရားခံတွရဲ့  သတင်းအချက်လက်ကိုရဲတွေဆီတိုင်ကြားပြီး ဖမ်းခိုင်းခဲ့တဲ့ဖြစ်ရပ်ကနေ သူမကိုရန်ညိုးထားပြီး လူသတ်သမားငှားရမ်း သတ်ခဲ့တာဖြစ်ပါတယ်။

SAW
Social Action for Children and Women - SAW
Previous
Next Post »