ကြော်ငြာရိုက်ဖို့အိန္ဒိယကိုသွားရပေမယ့် သားနဲ့သမီးကိုစိတ်မချဖြစ်နေတဲ့သက်မွန်မြင့်


ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်ကတော့ ကြော်ငြာရိုက်ကူးရေးအ တွက် အိန္ဒိယနိုင်ငံ Mumbai သို့ ၄ ရက်ခရီး ထွက်ခွာသွားပါတယ်။ အခု ဆိုရင်တော့ အိန္ဒိယသို့ ချောချောမောမောရောက်ရှိသွားပြီလို့ သိရပါတယ်။ သားနဲ့သမီးကို ထားခဲ့ပြီး သွားရတဲ့ အတွက် ရင်ပူစိတ်မောနေတဲ့ အကြောင်းကို သူမရဲ့ fb စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။

“မရောက်ဖူးတဲ့နိုင်ငံကို ဗမာ အဖော်မပါ ကိုယ်တွေ ညီအမနှစ်ယောက်ထဲ သွားရမှာ.. ဟီးး ကြောက်တာတော့ကြောက်တာပေါ့နော် ဘိုလိုမှ မဂျော တတ်တာ..သားနဲ့သမီးလေးကို ၄ ရက်တောင်ခွဲရမှာ ရင်ပူနေပေမယ့် ဒါလည်း ဘဝတခုပါပဲ! Fighting TMMအစစအရာရာ အဆင်ပြေစေကြောင်း ဆုတောင်းပေးကြပါရှင့်!” ဆိုပြီး post တစ်ခုတင်ထားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ” တရက်မပြည့်သေးဘူးအိမ်ပြန်ပြေးချင်ပြီ!၃ နာရီကျော် လေယာဉ်စီးဖို့ စောင့်နေတာ တရက်ကြာပြီးသွားသလိုပဲ..ဟူးးးးး လွမ်းတာ ” ဆိုပြီး post ထပ်တင်ခဲ့ပါတယ်။

နောက်ဆုံးတင်ထားခဲ့တဲ့ post ကတော့ .. ချောမောစွာ ရောက်ပါပြီ!
ပုံတော့မတင်နိုင်တော့ပါဘူး တော်တော် ဒေါင်းနေလို့ စိတ်ပူကြနဲ့တော့နော်
မနက်ဖြန်နေ့လည်ကစ အလုပ် စပါမည် Good Morning ba! ဆိုပြီး တင်ထားပါတယ်။

from thet mon myint’s fb
Previous
Next Post »