သတင်းကျွတ် လပြည့်ည

သတင်ကျွတ် လပြည့်မရောက်ခင် တစ်ရက်က ကျနော်နဲ့ တစ်ခန်းထဲ အတူနေတဲ့ သူငယ်ချင်းက ပြောတယ်

" သယ်ရင်း မနက်ဖြန်ည အပြင်မထွက်နဲ့နော် အိမ်တံခါးတွေလဲ သေချာပိတ် ဘာအသံကြားကြား မထဖွင့်နဲ့ "
တဲ့
ကျနော်လဲ ကြောင်သွားတယ်။
ဒီကောင် ဘာအရူးထပြီး ဒီစကားတွေ ပြောနေတာလဲပေါ့။
ဒါနဲ့ သူ့ကို ကျနော်က မေးလိုက်တယ်။ 

" ဘာဖြစ်လို့လဲ ကွ ။ "

သူက " မနက်ဖြန်ဆို ဝါ ထွက်ပြီလေ။ အဲ့လိုညဆို မကောင်းဆိုးဝါးတွေ ကိုယ်မှာ ဆေးထိုးပြီး အစောင့်ထားတဲ့ အကောင်တွေ ထွက်ပြီး အစာရှာကြတယ် "
တဲ့.....

ကျနော်က ထိုင်းမှာနေတာ ။
တူတူနေတဲ့ သူငယ်ချင်းက ထိုင်း။ အသက်က မတိမ်းမယိမ်းပဲ။
သူက ဆက်ပြောတယ်

" သူလဲ အစောင့်ဆေး ထိုးထားတယ်တဲ့။ လပြည့်ညဆို တစ်ညလုံး သူမအိပ်ရဲဘူးတဲ့ ခေါင်းရင်းမှာ လာထိုင်ပြီး စကားတွေ ပြောနေတာ တဲ့ "

ကျနော်လဲ ရယ်ပြီးတော့ 

"ဟုတ်ရဲ့လားကွာ။ ငါတော့ တစ်ခါမှ မကြားဘူးပါဘူး။
ငါတို့ မြန်မာပြည်မှာ သတင်းကျွတ်လပြည့်နေ့ဆို စည်မှ စည်ပဲ။
ပွဲလမ်းသဘင်တွေနဲ့ လူတွေဆိုတာ လမ်းပေါ်မှာ ည ၂ နာရီ ၃ နာရီ တောင် လျှောက်သွားနေတုန်း "

လို့ ပြောတော့ သူက

" နင်တို့ဆီမှာနဲ့ ဒီမှာက မတူဘူးလေ။ အစောင့်ဆေး ထိုးထားတဲ့ သူက ပိုသိသာတယ် မယုံရင် မနက်ဖြန် စောင့်ကြည့်ကြည့်ပေါ့ "

ဆိုပြီး အမှတ်တမဲ့ပေါ့ ။လပြည့်ည ညနေ အလုပ်သိမ်းတော့ ပြန်လာ ရေမိုးချိုး ထမင်းစားပီး သူငယ်ချင်းက အရင် အိပ်နေပြီ။
ကျနော်ကတော့ ထုံးစံအတိုင်း fb လေးမှာ ဟိုမွှေ ဒီမွှေပေါ့။
ည ၉ နာရီ လောက် အခန်းရှေ့က လူဖြတ်လျှောက်တဲ့ အသံ ကြားလိုက်တယ် ။ ဘေးအခန်းက လူတွေ ပြန်လာတာ ထင်လို့ သေချာနားထောင်နေတာ တံခါးဖွင့်သံ မကြားရဘူး။
ခဏ ကြာတော့ ခြေသံပျောက်သွားတယ်။
တအောင့်လောက်ကြာတော့ အိမ်နောက်ဖေးက ခွေးတွေ ထအူလေရော။
စူးစူးဝါးဝါးကို ထိုးအူတာ။ခွေးအူသံက တစ်ကိုယ်လုံးကို ကြက်သီးထ သွားတာပဲ။
ဖုန်းလေးကို အသာပိတ်ပြီး စောင်ကို ခေါင်းမြီးခြုံပြီး ကွေးတော့တာပေါ့။
တစ်ရေးနိုးလောက် အသံကြားရတယ်ဗျ။ အိပ်မက်လိုလို တစ်ကယ်လိုလို။
စိတ်ထင်တော့ သူငယ်ချင်း သူ့ရည်းစားနဲ့ ဖုန်းပြောနေတာ ထင်တာပေါ့။
မျက်လုံးက ဖွင့်မနိုင်ဘူး အိပ်ငိုက်နေတာ။
မျက်လုံးထဲ တစ်ချက် ကြိမ်းကနဲ ဖြစ်သွားလို့ အဖွင့် တစ်ကယ်ပဲဗျာ ၊ မိန်းကလေး။
ရှိလွန်းအသက်က ၁၂ ၊ ၁၃ မကျော်ဘူး။
တစ်ကိုယ်လုံး ရွှေရောင် အဝတ် အစားနဲ့ ဝင်းဝါ လို့။
ခေါင်းရင်းမှာ ထိုင်ပြီး တစ်ယောက်တည်း ရီလိုက် စကားတွေ ပြောလိုက်နဲ့ အသံ သဲ့သဲ့ပဲ ကြားရတယ်။
ပီပီ ပြင်ပြင် မကြားရဘူး။
အဲ့ဒါနဲ့ ဟိုနေ့က သူငယ်ချင်းပြောတာ သတိရသွားပြီး
စောင်ကို ခေါင်းမြီးပြန်ခြုံပြီး တတ်သမျှ ဘုရာစာတောင် ဇောက်ထိုးရွတ်လို့ ရွတ်နဲ့ ဘယ်လို အိပ်ပျော်သွားမှန်းကို မသိဘူး။
မနက်လင်းတော့ သူငယ်ချင်းက ဘယ်လိုလဲ ညက တွေ့လားတဲ့ ။
" မတွေ့ဘူးလို့ ဟီးဟီး "

ခပ်တည်တည်ပဲ ဟဲဟဲ။ပြန်မပြောနဲ့နော် ရှက်စရာကြီး ။

Credit -သရဲလေး...sky/Facebook

Previous
Next Post »