အားလုံးက အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်တစ်ယောက်တော့ မိ သားစု နဲ့သူမချစ်တဲ့ အနုပညာအကြား ဗျာများနေတဲ့ ပုံပါ။ဒါကြောင့်လည်း ဘာကို ရွေးရမလဲဆိုပြီး သူမရဲ့ ပရိသတ်တွေကိုပါ မေးခွန်းထုတ်ပြီး ခေါင်းစား အောင် လုပ်လိုက်ပါတယ်။ရုပ်ရှင်ပြကွက်တစ်ကွက်ကို ပြောပြပြီး ဘာလုပ်ရမလဲ လို့ မေးခွန်းထုတ်ခဲ့တာပါ။သူမပြောတဲ့ ပြကွက်ကတော့…..
အိန္ဒြာကျော်ဇင်တစ်ယောက် မိုးအေးအေးနဲ့  အိပ်ယာပေါ်မှာ ခေါင်းအုံးကြီးပိုက်ပြီးအတွေးတွေနှင့်ပီတိဖြစ်နေ………
“အင်း…သုသုတို့ ကျောင်းကဒီနေ့ နောက်ဆုံးရက်..June, July ၂လကြီးများတောင်ပိတ်ပြီ…မနက်ဖန်ကစပြီးအစောကြီးထပြီး ကျောင်းပို့ တဲ့အလုပ်လဲနား..၂လလောက်လဲအိပ်ရေးဝဝအိပ်လို့ ရပြီ…ကလေးထက်အမေကပိုပျော်…ဟိ…
တစ်နေရာရာကိုခရီးထွက်ကြမယ်…ဘယ်တွေသွားရင်ကောင်းမလဲ…oversea တစ်ခုခုထွက်ရင်ကောင်းမလား…အင်း…beach သွားရင်ကောင်းမလား…သြော်…ဒါမှမဟုတ် တောင်ပေါ်ဒေသတစ်ခုခုဆိုရင်လဲ မဆိုးပါဘူး…ပြီးတော့ စားသောက်ဆိုင်အသစ်တွေလဲအများကြီးပဲ..အဲ့ဒါတွေလဲသွားစားရဦးမယ်…ဟီ..ဟိ…
အိန္ဒြာကျော်ဇင်တစ်ယောက် မိုးအေးအေးနဲ့  အိပ်ယာပေါ်မှာ ခေါင်းအုံးကြီးပိုက်ပြီးအတွေးတွေနှင့်ပီတိဖြစ်နေ………
“အင်း…သုသုတို့ ကျောင်းကဒီနေ့ နောက်ဆုံးရက်..June, July ၂လကြီးများတောင်ပိတ်ပြီ…မနက်ဖန်ကစပြီးအစောကြီးထပြီး ကျောင်းပို့ တဲ့အလုပ်လဲနား..၂လလောက်လဲအိပ်ရေးဝဝအိပ်လို့ ရပြီ…ကလေးထက်အမေကပိုပျော်…ဟိ…
တစ်နေရာရာကိုခရီးထွက်ကြမယ်…ဘယ်တွေသွားရင်ကောင်းမလဲ…oversea တစ်ခုခုထွက်ရင်ကောင်းမလား…အင်း…beach သွားရင်ကောင်းမလား…သြော်…ဒါမှမဟုတ် တောင်ပေါ်ဒေသတစ်ခုခုဆိုရင်လဲ မဆိုးပါဘူး…ပြီးတော့ စားသောက်ဆိုင်အသစ်တွေလဲအများကြီးပဲ..အဲ့ဒါတွေလဲသွားစားရဦးမယ်…ဟီ..ဟိ…
ထိုအချိန်တွင်အရင်ခေတ်က ရုပ်ရှင်များထဲကလို အိန္ဒြာကျော်ဇင် ဒုတိယတစ်ကိုယ် ညာဘက်ထောင့်မှဖျတ်ကနဲပေါ်လာပြီး
“ဒီမယ် မိအိန္ဒြာ…..
ညည်းမလဲ ဟိုသွားချင်ရတာနဲ့  ဒီသွားချင်ရတာနဲ့ လျှမ်းဖို့ အ တွက် စားဖို့ အတွက်ပဲ ခေါင်းထဲမှာရှိတယ်…ဘယ်မှလျှောက်သွားဖို့ မစဉ်းစားနဲ့ …ညည်းပဲ ကလေးကျောင်းရှိလို့ ဆိုပြီး ကားရိုက်တွေလက်မခံထားဘူးလေ..ခု ကလေးကျောင်းပိတ်ပြီ…June နဲ့ July ထဲမှာလက်ခံထားတာတွေ ရိုက်ပေးရဦးမယ်လေ…ညည်းအနုပညာသမားမဟုတ်ဘူးလား..ဟမ်…ညည်းကိုချစ်တဲ့ပရိသတ်အတွက်ကို ညည်းတစ်လှည့်ပြန်ကြည့်ရဦးမယ်လေ….”
ပြောပြီး ဖျတ်ခနဲပျောက်သွား…
အိန္ဒြာကျော်ဇင် ပထမတစ်ကိုယ်မှ ဖြစ်သွားသောအိုက်တင်…
မျက်လုံးကပေကလပ် ပေကလပ်…ပါးစပ်ကအဟောင်းသား….လူကကျောက်ရုပ်လိုအတောင့်လိုက်ကြီးဖြစ်သွားပြီးမှ သတိပြန်ဝင်လာပြီး….
“ဟင်း………………………………………………………
သက်ပြင်းရှည်ကြီးချလိုက်ပါတယ်…
အဲ့ချိန်မှာပဲ ဗယ်ဘက်ထောင့်မှအသံတစ်သံ ”
“အူဝဲ”
ဟင်..ငါ့ကိုဘယ်သူခေါ်လိုက်ပါလိမ့်…
ဟော..ရုပ်ရှင်ထဲကလို နောက်ထပ်တတိယတစ်ကိုယ် ထပ်ပေါ်လာပြန်ပြီ…….သူကကျတော့……
“ကလေးကျောင်းပိတ်တုန်းပဲ မိသားစုနဲ့ ခရီးသွားဖို့ အခွင့်အရေးရှိတာ…သူများနိုင်ငံတွေမှာလဲဒီလိုပဲ…ကလေးရှိတဲ့မိသားစုတွေဆိုရင် ကျောင်းပိတ်ရက် vacation ခရီးတွေဘာတွေထွက်ကြတာ…ကိုယ်လဲသွားစရာရှိတာသွား…ကျောင်းဖွင့်တဲ့ချိန်မှာလဲအနုပညာအလုပ်တစ်ဖက်နဲ့ ကျောင်းကိစ္စ ကျုရှင်ကိစ္စ ကိုယ်ပဲလုပ်ရတာ…ဒီလိုအချိန်မှမသွားရင် ဘယ်အချိမ်သွားမလဲ..ဘာမှငဲ့မနေနဲ့  ကိုယ့်မိသားစုပျော်သလိုသာနေ လူ့ ဘဝဆိုတာ တိုတိုလေး…”
ပြောပြီးထုံးစံအတိုင်း ဖျတ်ခနဲပျောက်သွားပြန်
ပထမတစ်ကိုယ်……ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြုံးတော့မယ့်ဆဲဆဲ
(ထိုစကားကိုထောက်ခံသည့်ဟန်)
ဒုတိယတစ်ကိုယ်….”မိအိန္ဒြာ လောကကြီးမှာ ကိုယ့်အတွက်
ပဲကိုယ်ကြည့်လို့ မရဘူးနော်..ကိုယ့်ကို
ချစ်တဲ့ပရိသတ်ကိုညည်းမျက်နှာလွဲခဲပြစ်
လုပ်လို့ မရဘူး…..”
ပထမတစ်ကိုယ်………”ဟင်”
တတိယတစ်ကိုယ်…..”အူဝဲ ကိုယ့်မိသားစု live ဆိုတာရှိ
တယ်…ကိုယ့်ကလေးလေးတွေလဲ
သွားချင်ရှာမှာ..သူတို့ စိတ်ကလေး
တွေကိုလဲ ထည့်တွက်ပေးဦးလေ”….
ပထမတစ်ကိုယ်…….”ဟော”
ဒုတိယတစ်ကိုယ်……” ဒီမယ်.ညည်းပရိသတ်တွေကလေ
ညည်းကို အချိန်ကုန်ခံ ပိုက်ဆံအကုန်
ခံပြီး ချစ်ကြ အားပေးကြတာ.အဲဒါကို
မမေ့နဲ့ ….”
ပထမတစ်ကိုယ်…….”အဲ”
တတိယတစ်ကိုယ်….”အူဝဲရေ..ကိုယ်လဲအနုပညာအလုပ်ကို
နှစ်တွေ အများကြီး
လုပ်ခဲ့ပြီးပြီ…ဒီကြားထဲလဲကိုယ်ကလုံးဝ
အဆက်ဖြတ်ထားတာမှမဟုတ်တာ…..
ကလေးတွေအတွက်က
နွေရာသီ ကျောင်း
ပိတ်ရက်ဆိုတာ တစ်နှစ်လုံးနေမှ
တစ်ခါပိတ်တာ…..မိသားစုကို အချိန်
ပေးတာဟာကိုယ်လဲစိတ်ချမ်းသာရသ
လိုကိုယ့်ကလေးတွေလဲပျော်ရတယ်”
READ
The Weekend နဲ့ချစ်ဇာတ်လမ်းကို အတည်ပြုလိုက်တဲ့ Selena Gomez
ပထမတစ်ကိုယ်…….”အင်း”
ဒုတိယတစ်ကိုယ်……”ညည်းဟာလေ အသက်ကြီးသာကြီး
သွားတယ်..စိတ်ကလိုက်မကြီးဘူး…
ခုထိပျော်ချင်ပါးချင်တဲ့စိတ်တွေကမ
ကုန်သေးဘူး….”
ပထမတစ်ကိုယ်…….”ဟာ”
တတိယတစ်ကိုယ်…..”လူတိုင်းကတော့ကိုယ့်အတ္တ
ကိုယ်ကြည့်ကြတာပဲ..တစ်ခါတလေ
လဲကိုယ့်အတ္တကိုဦးစားပေးဦးလေ…”
ပထမတစ်ကိုယ်……….”အော်”
ဒုတိယတစ်ကိုယ်…….”အနုပညာသမားဆိုတာ ကိုယ့်ကို
ကိုယ်ဘယ်တော့မှမပိုင်ဘူးဆိုတာ
ညည်းမမေ့နဲ့ ….ညည်းကသာမန်အ
မေတစ်ယောက်မဟုတ်ဘူး…သရုပ်
ဆောင်တစ်ယောက်….”
တတိယတစ်ကိုယ်……” ကလေးတွေဆိုတာ အရေး
ကြီးတဲ့ အခန်းကဏ္ဌမှာပါတယ်………
တစ်နည်းအားဖြင့်ပြောရရင်နောင်လာ
မဲ့မျိုးဆက်သစ်တွေပါ…..ဥပမာ-သူ
တို့ လေးတွေရဲ့ စိတ်ထဲမှာ ငါတို့ ကို
ငါတို့ မိဘကအချိန်မပေးဘူး အရေး
မပေးဘူးဆိုတာမျိုးစိတ်ထဲခံစားသွား
ရရင်မကောင်းဘူး…ကလေးတွေမှာ
စိတ်ဒဏ်ရာရသွားရင်လောကကြီးမှာ
ဘယ်အရာနဲ့ မှ သဟဇာတမဖြစ်
တော့ဘူး…အဲ့တော့ မင်းရဲ့ ရွေးချယ်
မှုမှန်ကန်ပါစေလို့ ပဲပြောချင်တယ်…”
ဤတွင်အိန္ဒြာကျော်ဇင်ပထမတစ်ကိုယ်၏အိုက်တင်မှာ(ရှေးခေတ်ကရုပ်ရှင်ထဲကလို) မျက်လုံးကိုပြူးပြီဗယ်ကြည့်လိုက် ညာကြည့်လိုက်, ဗယ်ကြည့်လိုက် ညာကြည့်လိုက် နဲ့ နောက်ဆုံးတော့ …………………….
“အား……………………………………………………………….”
ဟုအော်ဟစ်ပြီး ခေါင်းအုံးကြီးကို မျက်နှာပေါ်အုပ်ချလိုက်ပါ
တော့သည်……………………………………………
ဤတွင် ဇာတ်ဝင်ခန်းတစ်ခန်းပြီးဆုံးသွားပါသည်…….
မှတ်ချက်–(သင်သည်ဤစာကိုဖတ်ပြီး ဒုတိယတစ်ကိုယ်နှင့်တတိယတစ်ကိုယ် မည်သူ့ ဘက်မှထောက်ခံပါမည်နည်း….
ချစ်ခင်သောအားဖြင့် ဖြေပေးစေလိုပါသည်)
အိန္ဒြာကျော်ဇင်
from Eainder Kyaw Zin’s fb