ယောကျာင်္းလေးတစ်ယောက်က



ကိုယ်တကယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ရှိလာပြီဆိုရင်
လူသိရှင်ကြားလက်တွဲနေတတ်ကြပါတယ်…
(ဥပမာ ဒါငါ့ချစ်သူဆိုပြီးတော့ပေါ့)

အဲဒီမိန်းကလေးအတွက် အကောင်းဆုံးတွေဖြစ်အောင်ကြိုးစား
နေတတ်ကြပါတယ်…
ချစ်သူတွေဆိုပေမဲ့ မောင်နှမသံယောဇဉ်လိုခိုင်မြဲပြီးအဆိုးကောင်းတွေ
အားလုံးကိုအတူတူရင်ဆိုင်ဖြေရှင်းချင်တဲ့စိတ်လေးတွေရှိနေပါလိမ့်မယ်…

ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်အတွက် အနွေးထွေးဆုံးရင်ခွင်
တစ်ခုဖြစ်အောင်ပြုကျင့်နေတတ်ကြပါတယ်…

စိတ်ဓာတ်ခိုင်မာပါတယ်ဆိုတဲ့လူဖြစ်ပါစေ ကိုယ်တကယ်ချစ်ရတဲ့မိန်းကလေး
တစ်ယောက်အတွက် မျက်ရည်ကျသည်အထိခံစားနေတတ်ကြပါတယ်…

အခုပစ္စုန်ပ္ပန်မှာအဆင်ပြေအောင်တည်ဆောက်ပြီး အနာဂတ်အတွက်
အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတတ်ကြပါတယ်…

ယောကျာင်္းလေးတစ်ယောက်ကကိုယ်တကယ်ချစ်ရတဲ့မိန်းကလေး
တစ်ယောက်ကိုတွေ့တဲ့အခါ ဘယ်တော့မှအဆုံးရူံးမခံတတ်ပဲထာဝရ
ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားပါလိမ့်မည်…

Credit : Phoe Phyu
Previous
Next Post »